Chapter-24

593 58 0
                                    


ရောက်ပဲ ရောက်နေပြီဖြစ်တာကြောင့် အကုန်လုံးက ကွမ်းရှီးကို လွယ်လွယ်နဲ့ ပြန်မလွှတ်ကြချေ။

ဒီနေရာမှာ ရှိနေတဲ့သူတွေအားလုံးက အရိပ်အခြည်နားလည်တဲ့သူတွေ ဖြစ်တာကြောင့် ကွမ်းရှီိး မွေးစားခံရတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ သိပ်ဂရုမစိုက်ကြတော့ချေ။

မွေးစားခံရတော့လည်း ဘာဖြစ်လဲ...... ရှဲ့ယန်ဆိုလည်း ရှဲ့အိမ်က မွေးစားသားပဲ ဒါပေမဲ့ ဘယ်လောက်ပဲ သွေးသန့်မဟုတ်ပါဘူးလို့ပြောပြောသူ့ကို ဘယ်သူကမှ အထင်မသေးရဲချေ။ ကျန်းဆွေကျိုးလို သခင်ကြီးကို နောက်ခံအနေနဲ့ရှိနေတဲ့ ကွမ်းရှီးဆို ဘာပြောကောင်းတော့မလဲ။

ကွမ်းရှီးကို အတူကစားဖို့ ခေါ်တာ အောင်မြင်ပြီးသွားတဲ့နောက်မှာတော့ ဂိမ်းစကစားကြကာ အကုန်လုံးက ဆူညံတက်ကြွလာကြတော့သည်။

ဒါပေမဲ့ ဒီနေ့ ကွမ်းရှီး ဂိမ်းကို အဲ့ဒီလောက်အာရုံမလာချေ။ ဘေးကလူတွေဟာတော့ dare ကစားရတရတာကို အရမ်းကို high နေကြလေ​၏။

သူမက လှည့်တောင်မကြည့်ဖြစ်ဘဲ ဝိုင်သောက်လိုက် သူများတွေနဲ့ စကားပြောလိုက်နှင့် သာယာနေခဲ့သည်။

"3, 2, 1 ---" မြှားက နောက်တစ်ခေါက်ရပ်သွားခဲ့သည်။ ကွမ်းရှီး ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ မဲပေါက်သွားတဲ့လူက ရှဲ့ယန်ဖြစ်နေတာကို တွေ့လိုက်ရလေ​၏။

နောက် မြှားအမြီးဘက်မှာ ကျနေတဲ့သူကတော့ ခုနက ကျန်းဆွေကျိုးဘေးမှာ ထိုင်သွားတဲ့ ဆံပင်တိုတိုနဲ့ 'အသက်ပြည့်ပြီးသား' မိန်းကလေးဖြစ်နေခဲ့သည်။

ရှဲ့ယန် ဘယ်လိုdareများ လုပ်ရတော့မလဲဆိုတာကို ကွမ်းရှီး ပြုံးပြုံးကြီး ကြည့်နေလိုက်သည်။

"ရှဲ့ယန်- ဟားဟားဟား၊ နောက်ဆုံးတော့ မင်းအလှည့်ရောက်ပြီပေါ့။" ဘေးကလူတွေက အတင်းအော်နေကြလေ​၏။

"ကံဆိုးနေပုံပဲ။" ရှဲ့ယန် ပြုံးလိုက်ပြီး ဟိုကောင်မလေးကို ကြည့်လိုက်ကာ "မင်းပြောပါ။"
ဆံပင်တိုနဲ့ကောင်မလေးက စဉ်းစားနေပြီးမှ လူအုပ်ကြီးရဲ့ စောင့်မျှော်နေတဲ့အကြည့်တွေအောက်မှာ ကွမ်းရှီးကို ကြည့်လိုက်ကာ "အဲ့ဒါဆို ရှင့်ဘယ်ဘက်က ပထမဆုံးကျတဲ့ မိန်းကလေးတစ်ယောက်နဲ့ တစ်ခွက် ကြီး သောက်ပြပါ!"

Come To My Side (Myanmar Translation)Where stories live. Discover now