Chapter-43

787 76 11
                                    

ရယ်ရယ်ကွမ်းဟုန်က သူ့ကို ချစ်တယ်၊ အလိုလိုက်တယ်ဆိုပေမဲ့ ကွမ်းရှီး အစကစဉ်းစားထားတဲ့ အစီအစဉ်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပေ၊ သူမက တကယ့်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ် သဘောကျတဲ့အလုပ်ကို လုပ်တော့မှာဖြစ်သည်။

နောက်တစ်နေ့ တစ်ဖက်ကလူတွေနဲ့ ချိန်းထားတဲ့အချိန်ဖြစ်သည့် မနက်၉နာရီတွင် မျက်နှာ ချင်းဆိုင် ဆွေးနွေးစရာရှိတာတွေ ဆွေးနွေးဖို့အတွက် သူမ ကော်ဖီဆိုင်ကိုသွားခဲ့သည်။

ဒီနေ့ ချိန်းထားတာ သုံးခုရှိကာ သုံးခုလုံးက သူမ သေသေချာချာရွေးထားတဲ့သူတွေ ဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် တွေ့ကြည့်ပြီးတဲ့နောက်မှာတော့ နောက်ဆုံး ဒုတိယဖြစ်သည့် ယင့်ရှန့်စတူဒီယိုနဲ့ လက်တွဲဖြစ်သွားခဲ့သည်။

ယင့်ရှန့်စတူဒီယိုက ဘလော့ဂါတွေကို မြေထောင်မြှောက်ပေးတဲ့နေရာမှာ ပိုပြီးအတွေ့အကြုံရှိတဲ့အပြင် ခရီးသွားအပိုင်းမှာလည်း ပြည့်ပြည့်စုံစုံရှိပြီး စီမံရေးပိုင်းမှာလည်း အတွေးအခေါ်အသစ်တွေ အများကြီးရှိသည့် စတူဒီယိုတစ်ခုဖြစ်သည်။

ပူးပေါင်းလုပ်ဆောင်ဖို့ ကိစ္စတွေ ပြောပြီးတဲ့နောက်မှာတော့ ကွမ်းရှီး တစ်ခါတည်း သူတို့နဲ့ စာချုပ်ချုပ်လိုက်တော့သည်။

ဒါနဲ့ပဲ နောက်လေးငါးရက်လောက် သူမဟာ အိမ်မှာနေပြီး ပထမဆုံးခရီးစဉ်အတွက် အစီအစဉ်တွေဆွဲပါတော့သည်။ ပြီးတဲ့နောက် ယင့်ရှန့်စတူဒီယိုကိုသွားပြီး သူမနဲ့ အတူတွဲ လုပ်ရမဲ့ဝန်ထမ်းတွေနဲ့ အစည်းအဝေးထိုင်ရ သည်။

"ဘယ်လို၊ ဟိုတယ်က ဘာလို့ အငြင်းခံလိုက်ရတာလဲ။" အစည်းအဝေးထိုင်တာ တစ်ဝက် လောက်ရှိသေး၊ ကွမ်းရှီးရဲ့ မကျေနပ်တဲ့အသံ ထွက်လာပါတော့သည်။

"အဲ့ဒါက ငါတို့ဘတ်ဂျက်က အကန့်အသတ်နဲ့ဆိုတော့ ဟိုတယ်ကို ပထမတန်းစားအဆင့်ထိကျ မဖြစ်နိုင်ဘူး......" စတူဒီယိုနဲ့ ရိုက်ကူးရေးပိုင်းကို စီစဉ်ပေးရတဲ့ ဝမ်းချင်းက ပြောလာခဲ့သည်။

ကွမ်းရှီး ; "အဲ့ဒါ ပထမတန်းစားလား။ ငါ ဘွတ်ကင်တင်ထားတဲ့အခန်းက အဲ့ဒီဟိုတယ် မှာ သာမန်အဖြစ်ဆုံးအခန်းကို။"

Come To My Side (Myanmar Translation)Where stories live. Discover now