Chapter-49

645 73 2
                                    

ရုတ်တရက် အဲ့ဒီလိုကြီးအမေးခံလိုက်ရတဲ့အခါ ကွမ်းရှီးခမျာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရတော့သည်။ ဟိုးအရင်တုန်းက ဒီအကြောင်းကို တွေးဖူးတယ်ဆိုပေမဲ့ နောက်ပိုင်း ကိစ္စတွေအများကြီး ရှုပ်ယှက်ခတ်သွားတာကြောင့် သူမ ဒီကိစ္စကို မေ့သွားခဲ့ပြီဖြစ်သည်။

ကွမ်းရှီး ; "ဒါက......"

ကျန်းဆွေကျိုးက သူမကို တစ်ချက်ကြည့်လိုက်ကာ "ဒီကိစ္စကို ကျွန်တော်တို့ဘာသာ ကြည့်လုပ်လိုက်ပါ့မယ်။ မား အများကြီးမေးနေစရာ မလိုပါဘူး။"

လီယွမ်ယင်း ; "လက်ထပ်တယ်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူး။ အစောကြီးကြိုပြီး ပြင်ဆင်ရမဲ့အရာတွေ အများကြီး ရှိတယ်။ တကယ်လို့ စဉ်းစားထားပြီးသားရှိတယ်ဆိုရင်လည်း မြန်မြန်အကောင်အထည်ဖော်ကြ။"

ကျန်းဆွေကျိုး ; "သိပါပြီ။"

လီယွမ်ယင်းရော ကျန်းဆွေကျိုးရောက စကားနည်းတဲ့သူတွေ ဖြစ်တာကြောင့် ပြောစရာမရှိတော့တဲ့အခါ တစ်ခါတည်း တိတ်ဆိတ်သွားတော့သည်။

အခုအခြေအနေကြီးက တိတ်ဆိတ်လွန်းလို့ နည်းနည်းတောင် နေရခက်လာသည်အထိပင်။

ကွမ်းရှီးအကြည့်က ကျန်းဆွေကျိုးဆီကိုသာ ရောက်ရောက်သွားခဲ့လေသည်။ သူမက ဒီလိုတင်းကျပ်တဲ့လူကြီးတွေနဲ့ ဆက်ဆံရတာကို အမုန်းဆုံးဖြစ်ကာ သူမအိမ်မှာသာဆိုရင် များသောအားဖြင့် ဒီလိုလူကြီးတွေနဲ့တွေ့ရင် ယဉ်ကျေးမှုအရ နှုတ်ဆက်ပြီးတာနဲ့ လစ်ထွက်သွားခဲ့တာမျိုးချည်းသာ။

ကျန်းဆွေကျိုးလည်း သူမ အချက်ပြနေတာကို သတိထားမိတာကြောင့် ချက်ချင်းပဲ ပြောလိုက်တော့သည်၊ "မားမှာ တခြားကိစ္စရှိသေးလား။"

"မရှိဘူး၊ သွားတော့မှာ။" လီယွမ်ယင်းက ခွက်ကိုချလိုက်ကာ "မင်း ငါ့ကို အောက်ထပ်ထိ လိုက်ပို့။"

လီယွမ်ယင်းမှာ ပြောစရာရှိမှန်း ကျန်းဆွေကျိုး အတပ်သိပါသည်။ သူလည်း မတ်တတ်ထရပ်လိုက်ပြီးတဲ့နောက် ကွမ်းရှီးဘက်လှည့်ကာ "ကိုယ့်ဘာသာကိုယ် ကစားနေလိုက်ဦး။ ကိုယ် ခဏနေရင် ပြန်လာခဲ့မယ်။"

Come To My Side (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang