Chapter-37

663 64 0
                                    

တစ်အိမ်လုံး အရက်နံ့တွေ မွှန်ထူနေလေ၏။

ကျန်းဆွေကျိုးဟာ ကွမ်းရှီးကို စိုက်ကြည့်လိုက်သည်။ သူမတစ်ကိုယ်လုံးက မှိုင်းတိုင်းတိုင်းနှင့်။

သူ့ဆီက အဲ့ဒီလိုအကြည့်ခံရတဲ့အခါ ကွမ်းရှီး စိတ်မသက်မသာ ဖြစ်လာသလို နည်းနည်းတောင်ကြောက်နေမိသလိုပင်။ ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်တော့ ဘာကြောက်စရာရှိလို့လဲ၊ သူတို့က လက်ထပ်ထားတာလဲမဟုတ်။ လမ်းခွဲရုံပဲကို ကွာရှင်းသလို လုပ်ငန်းစဉ်တွေနဲ့ စနစ်တကျ သွားစရာမလိုဘူးမလား။

ကွမ်းရှီး ; "ဘယ်လိုလုပ် ရှဲ့ယန်က ပါလာရပြန်တာလဲ။ ငါပြောပြီးပြီမဟုတ်ဘူးလား၊ သူနဲ့က အလုပ်ကိစ္စသက်သက်ပဲလို့...... အခုက သူနဲ့ ဘာဆိုင်လို့လဲ။"

ကျန်းဆွေကျိုး ; "သူ့ဘက်က ကာပြောပေးနေတာ၊ သူ့ကို ကိုယ် ပြဿနာသွားရှာမှာစိုးလို့လား။"

ကွမ်းရှီး ; "ကျန်းဆွေကျိုး၊ ရှဲ့ယန်နဲ့ ဘာမှမဆိုင်ဘူးလို့! ငါက လမ်းခွဲချင်တာ ဟုတ်ပြီလား၊ ငါကိုယ်တိုင်က လမ်းခွဲချင်တာ။"

ကျန်းဆွေကျိုး သူမကို စူးစိုက်ပြီး ကြည့်လိုက်ကာ ; "ကောင်းပြီ။ ဒါဆို မင်း ကိုယ်လက်ခံနိုင်မဲ့ အကြောင်းပြချက်တစ်ခု ပေးရမယ်။"

ကျန်းဆွေကျိုးက အခုလို အတင်းလာနှောင့်ယှက်နေတဲ့အခါ နဂိုကတည်းက သောက်တာများနေပြီဖြစ်တဲ့ ကွမ်းရှီးဟာ နားထင်တွေပါ ထိုးကိုက်လာကာ ခေါင်းတွေပါ မူးလာတော့သည်။

သူမ စိတ်ကိုတင်းထားပြီး သူ့အင်္ကျီလက်ကို ဆွဲကာ ; "ငါပြောပြီးလေ။ အစကတည်းက ငါတို့တွဲခဲ့တယ်ဆိုတာ အိမ်က တွဲခိုင်းလို့ တွဲခဲ့တာပဲရှိတာ။ ငါ အခု အဲ့ဒီအိမ်ကနေ ခွဲထွက်လာပြီ။ ပြန်လည်း မသွားတော့ဘူး! ဒီရက်ပိုင်းအတွင်း ငါ ကုမ္ပဏီကအလုပ်တွေကိုလည်း လွှဲပေးပြီးပြီ၊ ဆက်မလုပ်ချင်တော့ဘူး...... ကျန်းဆွေကျိုး၊ ငါက နင်လိုချင်တဲ့ အဲ့ဒီကွမ်းရှီး မဟုတ်တော့ဘူး။ ငါ့ဆီကနေ နင် ဘာအကျိုးအမြတ်မှ မရနိုင်ဘူး...... တွေ့လား၊ ငါတို့နှစ်ယောက်ကြားမှာ နင်လိုချင်တဲ့အရာတွေ မရှိတော့မှတော့ ဆက်တွဲနေစရာအကြောင်းလည်း မရှိတော့ဘူးလေ။"

Come To My Side (Myanmar Translation)Where stories live. Discover now