Chapter-59

590 87 5
                                    

ယိုဟောက် ထွက်လာပြီး ပြောပေးလိမ့်မယ်လို့ ကွမ်းရှီး ထင်မထားခဲ့မိပေ။ သူမက ကိုယ့်ဘာသာကိုယ် Weibo post တစ်ခု တင်ပြီး အဲ့ဒါနဲ့ မနေ့ညက ကျန်းဆွေကျိုးရဲ့ ဗီဒီယိုပါ ပေါင်းလိုက်မယ်ဆိုရင် အဲ့ဒီပေါက်ကရ ကောလဟလတွေက သူ့ဘာသာသူ ပျောက်သွားလိမ့်မယ်လို့ပဲ တွေးထားခဲ့တာဖြစ်သည်။

ယိုဟောက် ရုတ်တရက်တင်လိုက်တဲ့ ပို့စ်က သူမကို အံ့အားသင့်သွားစေခဲ့သလို ဝမ်းချင်းဆိုရင် ပိုပြီးတော့တောင် အံ့ဩသွားခဲ့သေးသည်။ နောက်ရက် ကွမ်းရှီး စတူဒီယိုကို သွားပြီး အကျဉ်းချုပ်အစည်းအဝေးလုပ်တဲ့အခါ ဝမ်းချင်းက သူမကို တစ်ဖက်ဆွဲသွားပြီး မေးလာခဲ့သည်၊ "ဥက္ကဋ္ဌယိုရဲ့ ချစ်သူက ယောကျ်ားလေး? ယောကျ်ားလေးတဲ့လား???"

ကွမ်းရှီး ; "မဟုတ်သေးပါဘူး...... နင်တို့ဆို သူနဲ့ အလုပ်လုပ်လာတာ ဒီလောက်ကြာပြီကို ဒီကိစ္စကို မသိကြဘူးလား။"

ဝမ်းချင်း ; "သူက ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာကိစ္စကို မပြောဘူးလေ။ နောက်ပြီး သူက သူဌေးလေ။ ငါတို့က ဘယ်လိုလုပ်သွားမေးလို့ရမှာလဲ။ အရင်တစ်ခေါက်က ရည်းစားထားဖူးလား၊ မထားဖူးဘူးလားဆိုတဲ့အကြောင်း ပြောကြတုန်းက သူ့မှာ ချစ်သူရှိပြီးသားဆိုပြီး ပြောဖူးတာပဲရှိတာ။ အဲ့ဒီတော့ ငါလည်း သူ့မှာ ကောင်မလေးရှိတယ်လို့ပဲ ဒီတစ်လျှောက်လုံး ထင်နေတာပေါ့။"

"အဲ့ဒီလိုကိုး။"

ဝမ်းချင်း ; "နင် နည်းနည်းလေးတောင် အံ့ဩမသွားဘူး...... နင် ဘယ်လိုလုပ်သိတာလဲ။"

ကွမ်းရှီး ; "ငါ နင်တို့စတူဒီယိုကို စလာကတည်းက သိတာလေ။ တစ်ခါက သူ့ရုံးခန်းကိုသွားပြီး ဘတ်ဂျက်ကိစ္စ သွားပြောရတုန်းက သူ့ဆီ ဗီဒီယိုကောလ်တစ်ကောလ် ဝင်လာတာ။ ကိုင်လိုက်တာနဲ့ ပေါင်ပေ့ဆိုတဲ့အသံ ထွက်လာတော့တာပဲ။ နောက်ပြီး အသံက ယောကျ်ားလေးအသံ။"

ဝမ်းချင်းဟာ စိတ်အားတက်ကြွစွာနဲ့ ; "ဘုရားရေ၊ ဒါဆို နင် ဘာလို့ ငါတို့ကို တစ်ခါမှ ပြောမပြတာလဲ။"

"ဒါဘာပြောပြစရာရှိလို့လဲ...... ဒီတိုင်း လိင်စိတ်တိမ်းညွှတ်မှု မတူရုံပဲကို။ ငါလည်း ဘာမှကိစ္စအကြီးကြီး မဟုတ်ဘူးလို့ပဲ သတ်မှတ်ထားတာ။"

Come To My Side (Myanmar Translation)Opowieści tętniące życiem. Odkryj je teraz