Chapter-64 (finale)

885 102 22
                                    

ကော်ဖီစားပွဲပေါ်က စာအုပ်တွေ၊ စာရွက်စာတမ်းတွေက ပြန့်ကျဲနေသလို ကွမ်းရှီးစိတ်ဟာလည်း ရှုပ်ထွေးနေတော့လေ၏။

သူမဟာ သူ့ကို အချိန်အတော်ကြာစိုက်ကြည့်နေပြီးကာမှ အတည်ပြုသလိုမျိုး နောက်တစ်ကြိမ် ထပ်ပြောလာခဲ့သည် ; "နင် ပိုက်ဆံမလိုဘူး? အဲ့ဒါတွေကလည်း အတုတွေ?

"အင်း။"

ကွမ်းရှီး ပထမဆုံးခံစားလိုက်ရတာက စိတ်သက်သာရာရသွားခြင်းပင်။ သူမ သူ့ကို တကယ်ကြီး ကျဉ်းထဲကြပ်ထဲ ရောက်နေတာမျိုး မဖြစ်စေချင်ဘူးလေ။ ဒါပေမဲ့ စိတ်သက်သာရာရပြီးနောက်မှာ လူတစ်ကိုယ်လုံးက ဒေါသတွေ တထောင်းထောင်းထွက်သွားကာ ; "ဘာကို ငါက ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေလို့ ဒီလိုကိစ္စမျိုးကို စိတ်ပူစရာမလိုဘူးလဲ! ဒါက အသေးအဖွဲကိစ္စလေးမှ မဟုတ်တာကို၊ နင် ငါ့ကို ဘယ်လိုစိတ်နဲ့များ ပြောမပြဘဲ နေနိုင်ရတာလဲ!"

သူမ တကယ်စိတ်ဆိုးသွားတာကို မြင်တဲ့အခါ ကျန်းဆွေကျိုးက အလိုက်သင့်လေး ပြန်ပြောပေးလိုက်သည် ; "ဟုတ်ပါပြီ။ ကိုယ်သိပါပြီ။ နောက်တစ်ခါ ဒီလိုကိစ္စမျိုးရှိလာရင် မင်းကို ပြောပြပါ့မယ်။"

"တော်ပါ နင်...... နောက်တစ်ခါဆိုတာမျိုး ထပ်မရှိရင် အကောင်းဆုံးပဲ။"

ကျန်းဆွေကျိုး ပြုံးလိုက်မိကာ ; "ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက အဆုံးသတ်နေပြီ။ စိတ်ပူမနေနဲ့တော့။"

ကွမ်းရှီးက သင်္ကာမကင်းဖြစ်စွာနဲ့ ; "အဲ့ဒီတော့ ဒါက ဘာအတွက် ဒီလိုလုပ်ရတာလဲ။"

ကျန်းဆွေကျိုးက လျှို့ဝှက်မထားဘဲ တန်းပြီး ရှင်းပြလိုက်သည် ; "ကိုယ့်အဖေက ကုမ္ပဏီမှာရှိသမျှ ကျန်းကျားမောက်နဲ့ ကျန်းကျားရုန်တို့ရဲ့ နောက်ခံတွေကို ဆွဲထုတ်စေချင်တာ။ ကိုယ် အဲ့ဒီရာထူးကို ရပြီးတဲ့နောက်ပိုင်း ကိုယ့်ကို သစ္စာဖောက်မဲ့သူတွေ မရှိတော့အောင် ကြိုတင်ကာကွယ်တဲ့သဘောပေါ့။ အဲ့ဒါကြောင့် ကိုယ်က ရိုးရိုးရှင်းရှင်းနည်းလေးကို သုံးပြီး အရမ်းအရေးကြီးနေတဲ့အချိန်မှာ အမှားအကြီးကြီး ထုတ်ပြလိုက်တာ။ အဲ့ဒီတော့ အကြံရှိပြီးသားလူတွေက ကိုယ့်ကို ဆန့်ကျင်လာကြရောပေါ့။"

Come To My Side (Myanmar Translation)Where stories live. Discover now