Chapter-38

657 62 4
                                    

"နိုးပြီလား။" လန်နင်ယီးဟာ အခန်းတံခါးကို ဖွင့်ပြီး ဝင်လာခဲ့သည်။

ကွမ်းရှီး အတွေးတွေကို ပြန်စုစည်းလိုက်ကာ "အွန်း၊ နိုးပြီ။ ဘယ်နှနာရီရှိပြီလဲ။"

လန်နင်ယီးက သူမခုတင်ဘေးမှာ ဝင်ထိုင်ကာ "နေ့လယ် တစ်နာရီတောင် ရှိနေပြီ။ နင် ဒီတစ်ခါ တော်တော်အိပ်နိုင်တာပဲ။"

"အိုး......"

"ဒါနဲ့၊ ရှီးရှီး၊ နင် မသိသေးဘူးမလား။ နင့်အကြောင်းက ညတွင်းချင်းကိုပဲ မသိတဲ့သူမရှိလောက်အောင် ပျံ့သွားပြီထင်တယ်။"

ကွမ်းရှီး ကြောင်သွားကာ လန်နင်ယီး ဆက်ပြောတာကိုသာ နားထောင်နေလိုက်တော့သည်၊ "နင့်အဖေက ဒီကိစ္စကို တတ်နိုင်သမျှ မြန်မြန် လူတိုင်းသိသွားအောင် လုပ်ချင်တာထင်တယ်၊ မနေ့ညကတည်းက သတင်းလွှင့်လိုက်တာ။ ဒါပေမဲ့လေ၊ အဲ့ဒီလိုလည်း ကောင်းတာပဲ။ ဒီဟာကမှ အမှန်တရားပဲကို။ လူတိုင်းသိထားသင့်တယ်။ မဟုတ်ရင် ဝေ့ဇစ်ဟန်တို့အုပ်စုက အဲ့ဒီမွေးစားသမီးဆိုတဲ့ဟာနဲ့ပဲ နင့်ကို လာလာပြီး လှောင်နေကြမှာ။"

ကွမ်းရှီးဟာ လန်နင်ယီးကို တအံ့တဩနှင့် ငေးကြည့်နေခဲ့မိသည်။ သူမ ဒီသတင်းကို ကြားလိုက်ရတဲ့ တစ်ခဏမှာ ဝင်လာတဲ့အတွေးက အကုန်လုံး အမှန်အတိုင်းသိသွားတော့ ဘယ်သူမှ သူမကို မွေးစားသမီးကိစ္စနဲ့ လာပြီး ဖိအားပေးမှာ မဟုတ်တော့ဘူးဆိုတာတွေ မဟုတ်ခဲ့ရပါဘဲ-- မနေ့ညကတည်းက ကျန်ဆွေကျိုးလည်း ဒီဟာကို သိနေခဲ့တာလားဆိုသည့် အတွေးပင်။

သူမက မွေးစားခံရတာမဟုတ်ဘူး၊ သူမက အခု ကွမ်းမိသားစုနဲ့ ဖြတ်ပစ်လို့ မရတော့တဲ့ သွေးသားဆက်နွှယ်မှုရှိနေတယ်......

ကွမ်းရှီး ထိတ်လန့်သွားခဲ့သည်။

ကျန်းဆွေကျိုးအတွက် နေရာတိုင်းမှာ မျက်လုံးတွေ၊ နားတွေရှိသည်။ ဒီကိစ္စကို သူများတွေတောင် သိသွားပြီဆိုမှတော့ သူလည်း သေချာပေါက် သိနေမှာပင်။

သူ့လို့ အကျိုးအမြတ်ပဲ ကြည့်တတ်တဲ့လူက မနေ့ညက သူမအကြောင်း သိသွားပြီးတဲ့နောက် သူလုပ်နေကျအတိုင်း ဝေဖန်ပိုင်းခြားမှုတွေ လုပ်ခဲ့တာလား။ ဥပမာအားဖြင့် သူမက ကွမ်းအိမ်နဲ့ အမျိုးတော်နေပြီဆိုတော့ ကွမ်းအိမ်က လူကြီးတွေက သူမကို လက်လွှတ်ခံမှာ မဟုတ်ဘူးဆိုတာမျိုးတွေ။

Come To My Side (Myanmar Translation)Where stories live. Discover now