Extra-2

546 77 5
                                    

အထက်တန်းကျောင်းသားဘဝ - ၂

ကျန်းဆွေကျိုးက အိတ်ကို မ,ကြည့်ပြီးတာနဲ့ မုန့်ထုပ်ကို သယ်ပေးမဲ့သူတစ်ယောက် ဘေးကနေ ချက်ချင်းရောက်လာတော့သည်။

သူက ဘာမှလည်း ဆက်မပြောဘဲ စာသင်ဆောင်တွေဘက်ကို ဦးတည်ပြီး လျှောက်သွားလေသည်။ ကွမ်းရှီးလည်း နောက်ကနေ ချက်ချင်းလိုက်သွားပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြောလိုက်သည် ; "ဒါက သူငယ်ချင်းတွေအတွက်ရော ဝယ်ပေးထားတာ။ ငါတစ်ယောက်တည်း စားမှာမှ မဟုတ်တာ။"

ကျန်းဆွေကျိုးဟာတော့ သိပ်အရေးစိုက်မနေခဲ့ကာ ; "အင်း" ဟုသာ ပြန်ပြောလိုက်သည်။

နှစ်ယောက်သားက ဘေးချင်းယှဉ်လျှောက်နေကြတာဖြစ်ကာ နောက်က ကောင်လေးတွေကလည်း နေရာပေးတဲ့သဘောနဲ့ ခပ်ခွာခွာကနေပဲ လိုက်နေကြတာဖြစ်သည်။

ကွမ်းရှီးဟာတော့ အဲ့ဒါကို သတိမပြုမိဘဲ ကျန်းဆွေကျိုးဘေးကနေသာ လျှောက်သွားလိုက်သည်။ သွားရင်းသွားရင်းနဲ့မှ ကျောင်းပေါက်ဝမှာ ဖြစ်ခဲ့တဲ့ကိစ္စကို ရုတ်တရက် သတိရသွားခဲ့သည်။

ကျန်းဆွေကျိုးက ခုနက သူမကို ပိုက်ဆံကူရှင်းပေးသလို အိတ်အလေးကြီးကိုလည်း သူများကို သယ်ခိုင်းပေးသေးပုံထောက်ရင် စိတ်ကောင်းစေတနာလေးတော့ ရှိပုံပင်။ ဆိုတော့ သူ့ကို ပြန်ရှင်းပြဖို့ အခွင့်အရေးပေးလိုက်တာ ကောင်းပါတယ်လို့ သူမ တွေးမိလိုက်သည်။

ကွမ်းရှီးဟာ တစ်ခဏလောက် တွေးတွေးဆဆဖြစ်သွားပြီးကာမှ ; "ဝေ့၊ ဒီနေ့နေ့လယ်တုန်းက ကျောင်းပေါက်ဝမှာ နင် ငါ့ကို တွေ့လိုက်လား။"

ကျန်းဆွေကျိုးက နှစ်စက္ကန့်လောက်စဉ်းစားသွားပြီးကာမှ ; "တွေ့တယ်။"

ကွမ်းရှီး ; "အဲ့ဒါဆို ငါ နင့်ကို လှမ်းနှုတ်ဆက်တာကို နင် ဘာလို့မသိချင်ယောင်ဆောင်သွားတာလဲ!"

ကျန်းဆွေကျိုးက တုံ့သွားကာ သူမကို လှည့်ကြည့်လာပြီးကာမှ ; "မင်းက ငါ့ကို နှုတ်ဆက်တယ်?"

"အင်းလေ။ ငါ လက်တောင် မြှောက်ပြလိုက်တာကို။"

ကျန်းဆွေကျိုး ; "မင်းလက်မြှောက်ပြတာ နှုတ်ဆက်ဖို့ဆိုတာ ဘယ်သူက သိမှာလဲ။"

Come To My Side (Myanmar Translation)Where stories live. Discover now