Chapter -36

642 58 1
                                    

ညဘက် ၉ နာရီအချိန်တွင် လန်နင်ယီးတစ်ယောက် ညဝတ်အင်္ကျီကြီးနှင့် ယုန်နားရွက်လေးတွေပါတဲ့ အိမ်စီးဖိနပ်ကို စီးလျက်ဖြင့် သူ့ရဲ့ Maserati လေးကို မောင်းကာ ပန်းခြုံဘေးမှာ ဘယ်လောက်ကြာအောင် ထိုင်နေမှန်းမသိတဲ့ ကွမ်းရှီးကို သွားခေါ်လာခဲ့သည်။

လန်နင်ယီးဟာ အစကတော့ မိဘတွေနဲ့ အတူနေတာဖြစ်ပေမဲ့ အခုအခြေအနေမှာ ကွမ်းရှီးကို မိဘတွေအိမ်ကို ခေါ်သွားလို့ အဆင်မပြေတာကြောင့် သူမ တစ်ခါတလေ တစ်ယောက် တည်းနေလေ့ရှိတဲ့ တိုက်ခန်းဆီကိုသာ ခေါ်သွားလိုက်တော့၏။

ကွမ်းရှီးတို့မိသားစုကိစ္စကိုတော့ ကွမ်းရှီးဆီကနေ မနည်းမေးထားလို့ သိထားပြီးပြီဖြစ်သည်။

လန်နင်ယီး ကျိန်ပြောရဲပါသည်၊ သူ့အနေနဲ့ ထူးဆန်းထွေလာ အလှည့်အပြောင်းအမျိုးမျိုးနဲ့ ဝတ္ထုတွေ အများကြီးကို ဖတ်ဖူးခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလောက်ကြီးထိ မယုံကြည်နိုင်စရာကောင်းတဲ့အရာတွေ ဖြစ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့မိပေ။

ဒီလောက်ကိစ္စတွေအများကြီး ဖြစ်ပြီးတဲ့အခါမှ ကွမ်းရှီးဟာ ကွမ်းရှင်းဟောင်ရဲ့ သမီး ဖြစ်နေတာတဲ့လား။

အိမ်ပြန်ရောက်တဲ့အခါမှာလည်း ကွမ်းရှီးဟာ စကားတစ်ခွန်းမှ မပြောဘဲ ဆိုဖာပေါ်မှာပဲ ခွေနေပြီး လန်နင်ယီးကတော့ စိုးရိမ်တကြီးနဲ့ ဘေးမှာ ထိုင်ပြီး အဖော်ပြုပေးနေလိုက်သည်။

"ရှီးရှီး၊ ငါ အပြင်ကနေ စားစရာမှာထားတယ်။ ခဏနေ ရောက်မှာ။ နင် နည်းနည်းလောက်ဖြစ်ဖြစ် စားလိုက်နော်။"

ကွမ်းရှီးဟာ လက်ယမ်းပြလိုက်ကာ; "ငါ့ကို ဘီယာတစ်ဘူးလောက်ပေး။"

"ဘာအရက်သောက်ဖို့ စဉ်းစားနေတာလဲ။ ငါတို့ အခုအချိန်မှာ အကျိုးသင့်အကြောင်းသင့်နဲ့ စဉ်းစားရမှာ။ ကျိုးသင့်ကြောင်းသင့် ဟုတ်ပြီလား။"

ကွမ်းရှီး ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်မိကာ ခေါင်းတွေပါ ယမ်းပြလိုက်ပြီး "ဂရုမစိုက်ဘူး၊ ငါ့ကို အရက်သာပေး။"

လန်နင်ယီးလည်း သူ့ကို ပြောမနိုင်တာကြောင့် ရေခဲသေတ္တာထဲကနေ ဘီယာလေးငါးလုံးလောက် ယူပေးလိုက်ရပြီး ; "အေးပါ၊ အေးပါ၊ ငါ နင်နဲ့ အတူတူ သောက်ပေးမယ်၊ ဟုတ်ပြီလား။"

Come To My Side (Myanmar Translation)Where stories live. Discover now