Chapter-11

1.1K 111 4
                                    



  

သိပ်မကြာခင်မှာပဲ ဟိုတယ်က စားစရာတွေ လာပို့ပေးလာခဲ့သည်။ အဲ့ဒီတော့မှပဲ ကွမ်းရှီးလည်း ကျန်းဆွေကျိုး အတင်းဖက်ထားတာကနေ လွတ်မြောက်ပြီး ခုတင်ပေါ်ကနေ ဆင်းနိုင်ပါတော့သည်။

ကျန်းဆွေကျိုးလည်း ဖြည်းဖြည်းချင်း ထလာပြီး ထမင်းစားစားပွဲမှာ လာထိုင်ပြီး စစားဖို့ တူကို ယူလိုက်သည်။

ကွမ်းရှီး တစ်လုတ်ကြီးစားလိုက်ပြီးနောက် သူ့ကို မော့ကြည့်လိုက်သည်။ ခုနတုန်းက သူ အိပ်ချင်တယ်လို့ပြောပြီး သူမကို ဖက်ကာ ၁၀မိနစ်လောက် မှေးနေခဲ့သည်။ အဲ့ဒီလောက်ကပဲ သူ့အတွက် လုံလောက်သွားပုံ ပေါ်ပါသည်။ အခု ကြည့်ရသလောက်တော့ စိတ်ကြည်လင်နေပုံပင်။

(ဖုန်းတုန်ခါသံ)

ကွမ်းရှီး သူမဖုန်းကို ယူကြည့်လိုက်တဲ့အခါ သူမအဖေဆီက မက်ဆေ့ဖြစ်ပြီး ဘာလို့ ရောက်မလာသေးတာလဲလို့ မေးထားခြင်းဖြစ်သည်။

ကွမ်းရှီး အသံမက်ဆေ့ပြန်ပို့လိုက်သည်။ "ကိစ္စလေး နည်းနည်းရှိနေလို့၊ သမီး နောက်ကျမှာ။ ပါပါးတို့ စောင့်မနေနဲ့တော့လေ။"

ကွမ်းရှင်းဟောင် သူမမက်ဆေ့ကို နားထောင်ပြီးတဲ့နောက် ပြန်စာ ထပ်ပို့မလာတော့ချေ။ သူမသဘောထားကို သူနားလည်မှန်း ကွမ်းရှီး သိသည်။

အဲ့ဒီမျက်ရည်တရွှဲရွှဲနဲ့ မိသားစုစုံညီပွဲကို သူမ မတက်ချင်ဘူးလေ။

ဖုန်းကို ချပြီး ကွမ်းရှီး ထမင်းဆက်စားနေလိုက်သည်။

ကျန်းဆွေကျိုး "ဒီနေ့ မင်းအဘိုးအိမ် သွားရတာက အဲ့ဒီဘယ်သူ...... သူ့အကြောင်း ထုတ်ပြောဖို့လား။"

"ကွမ်းယင်။"

"ဪ။"

ကွမ်းရှီး "ထုတ်ပြောပြီးရင် အပြင်လူတွေ လည်း တဖြည်းဖြည်းနဲ့ သိလာကြမှာပဲ။"

"မင်းက ခဏနေမှ သွားမှာလား။"

"မသွားလို့မှမရတာ။ ဒီလိုအချိန်မှာ မသွားရင် အရမ်းထူးဆန်းနေမှာပေါ့။"

ကျန်းဆွေကျိုး "ကိုယ်လိုက်ပို့ပေးမယ်။ လမ်းသင့်တယ်။"

သူမ ကားပါတာကြောင့် သူလိုက်ပို့စရာမလို့ကြောင်း ပြောမလို့လုပ်လိုက်ပြီးမှ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ သူမ ကျန်းဆွေကျိုးနဲ့ နှစ်ယောက်အတူတူ လူကြီးတွေရှေ့ မရောက်ဖြစ်တာ အတော်ကြာနေပြီဖြစ်သည်။
နောက်ပြီး အခုအခြေအနေက သူ့မျက်နှာသွားပြဖို့ အလိုအပ်ဆုံးအချိန်လည်း ဖြစ်နေပြန် သည်။

Come To My Side (Myanmar Translation)Where stories live. Discover now