Chapter-41

679 61 2
                                    

လန်နင်ယီးနဲ့ ကွမ်းရှီးတို့ ကတဲ့နေရာကို တစ်ပတ်ပတ်ပြီး ပြန်လာတဲ့အခါ သူတို့ဝိုင်းမှာ ကျန်းဆွေကျိုးတစ်ယောက်ပဲ ကျန်တော့တာကို တွေ့လိုက်ရတော့သည်။

ကွမ်းရှီးက ဘာမှအရေးမစိုက်ဟန်နဲ့ ကျန်းဆွေကျိုးနဲ့ ဝေးရာ ဆိုဖာအစွန်းမှာ ထိုင်လိုက်သည်။ လန်နင်ယီးဟာတော့ နားမလည်နိုင်ဟန်နဲ့ ကျန်းဆွေကျိုးကို တစ်ခွန်းလှမ်းမေးလိုက်သေးသည်၊ "ငါ့သူငယ်ချင်းရော၊ ဘယ်ရောက်သွားတာလဲ။"

ကျန်းဆွေကျိုး ပြန်ဖြေလိုက်သည်မှာ "သွားပြီ။"

"သွားပြီ??" လန်နင်ယီးဟာ အလန့်တကြားနှင့် "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်သွားတာလဲ။"

ကျန်းဆွေကျိုး "မသိဘူး။"

လန်နင်ယီးအတွက် အရမ်းကိုထူးဆန်းသွားရသည်၊ ဘယ်လိုလုပ်ထွက်သွားရတာလဲ၊ ကွမ်းရှီးကို တွေ့ဖို့ ခေါ်လာတုန်းကဖြင့် ထကမတတ် ပျော်နေတာ မဟုတ်ဘူးလား၊ တကယ်ကို ထူးဆန်းတာပဲ......

လန်နင်ယီး အတွေးများနေပြီးတဲ့နောက် ဘာလို့ထွက်သွားတာလဲ၊ ဘာညာထပ်မေးဖို့ ပါးစပ်ဟလိုက်တော့မဲ့အချိန်မှာပဲ ရှေ့ကလူက ကျန်းဆွေကျိုးဆိုတာကို သတိရသွားတော့သည်။

ဪ၊ သူမ ခေါ်လာတဲ့လူက ကျန်းဆွေကျိုးရဲ့ ပိုင်ဆိုင်ရာလေးကို သွေးဆောင်ဖျားယောင်းဖို့ ကြံနေတဲ့သူဆိုတော့ ကျန်းဆွေကျိုးကို အဲ့လူအကြောင်း မေးတာကြီးက ဘယ်သင့်တော် ပါ့မလဲ?

"မေးစရာရှိသေးလား။" ထိုင်နေတဲ့လူဟာ သူမကို မော့ကြည့်လာခဲ့ရာ သူ့အကြည့်က သူမ ခန္ဓာကိုယ်ထဲထိ ထိုးဖောက်သွားတော့မတတ် စူးရှနေခဲ့သည်။

လန်နင်ယီး တုန်သွားကာ "မရှိတော့ဘူး၊ မရှိတော့ဘူး။"

သူမပါးစပ်လေးကို စိနေအောင်ပိတ်ကာ အခြားတစ်ဘက်ကို သွားလိုက်တော့သည်။

တစ်ဘက်မှာတော့ ကွမ်းရှီးက Wechat message တွေ ပြန်နေခဲ့သည်။ ဒီည တကယ်အံ့အားသင့်စရာကောင်းလောက်အောင်ကို သူမဆီ မက်ဆေ့တွေ အများကြီးဝင်နေခဲ့သည်။

"ကွမ်းရှီး? တိုက်ဆိုင်လိုက်တာ။" ဘေးကနေ ရုတ်တရက် စကားသံထွက်ပေါ်လာခဲ့သည်။

Come To My Side (Myanmar Translation)Where stories live. Discover now