Chapter-33

597 64 0
                                    

ရက်အနည်းငယ်အကြာ၊ ရဲစခန်းအနီးရှိ ကားပါကင်၌။

ကွမ်းယင်ဟာ ဒရိုင်ဘာခုံမှာထိုင်ကာ အသံတိုးတိုးဖြင့် "...... အင်း၊ တွေ့ပြီးပြီ။ ဘာမှဖြစ်မနေဘူး။ ဒါပေမဲ့ သေချာပေါက်တော့ အချုပ်ခံထားရမှာပဲ...... သူ့ဟာက အခု ပြန်ပေးဆွဲတဲ့အပြစ်၊ ပြန်ပေးဆွဲတာ သဘောပေါက်လား။ ရှင်တို့က ကျွန်မကို ဘယ်လိုဖြစ်စေချင်နေတာလဲ။ သူ့ဘာသာသူ ဦးနှောက်မရှိ လျှောက်လုပ် ပြီး အခု အဖမ်းခံရတာကို ကျွန်မက ဘာလုပ် ပေးရမှာလဲ!"

"ယင်းယင်၊ သမီးအတွက် ခက်ခဲမယ်ဆိုတာ မာမားသိပါတယ်၊ ဒါပေမဲ့ သမီးလည်း သိတာပဲ။ ကျစ်ဟုန်က လူကောင်းလေးပါ။ တစ်လျှောက်လုံး သမီးကိုရော မားတို့မိသားစုကိုရော ဂရုစိုက်ပေးလာတာလေ။ အခုကလည်း သမီးအတွက် စိတ်မကောင်းတာတစ်ခုပဲ တွေးနေလို့...... သမီးစမ်းကြည့်ကြည့်ပါလား၊ သမီးမိဘတွေကို ပြောလို့ရမလားဆိုတာ။"

ကွမ်းယင်သည် စတီယာရင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ "ရှင်သိလို့လား၊ ကျွန်မအဖေက အဲ့ဒီကွမ်းရှီးကို ဘယ်လောက်တောင် ဖူးဖူးမှုတ်ထားသလဲဆိုတာကို၊ ကွမ်းရှီး ဒီလောက်ဒုက္ခရောက်သွားမှတော့ ဖန်းကျစ်ဟုန်ကို သူ လွယ်လွယ်ကူကူနဲ့ လွှတ်ပေးလိမ့်မယ်လို့ ထင်နေလား။"

"ဒါဆို သမီး ကွမ်းရှီးနဲ့ ကောင်းကောင်းမွန်မွန် ပြောကြည့်ကြည့်ပါလား။ သူ ဘာမှဖြစ်မသွားဘူးဆိုရင် မပြောနိုင်ဘူးလေ ...... ဖန်းကျစ်ဟုန်ကို ခွင့်လွှတ်ပေးရင် ပေးမှာ။"

ကွမ်းယင်ဟာ အိမ်မှာဆို အမြဲလိမ္မာရေးခြားရှိပြီး နူးညံ့တဲ့ပုံစံဟန်ဆောင်နေရတာကြောင့် အခု ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကုန်ဆုံးလာရသည်။ အခုက သူမကို သိတဲ့သူတစ်ယောက်မှ မရှိတဲ့ ကားပါကင်မှာ၊ ဒီလိုချောင်ကျကျနေရာမှာ ရောက်နေတဲ့အခါ သူမ တကယ်ကို သည်းမခံနိုင်တော့ချေ။ "ကွမ်းရှီးလိုဟာမျိုးက သူ့ကို ထိခိုက်အောင်လုပ်ဖူးတဲ့လူကို လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမဲ့ လူမျိုးမို့လို့လား? ! ရှင်တို့ ဘာမှနားမလည်ဘဲနဲ့ လျှောက်ပြီး စိတ်ကူးယဉ်မနေလို့ မရဘူးလား ! "

"ဒါပေမဲ့ သမီးတို့က ညီအစ်မတွေလေ။ သမီးနဲ့ ဆက်ဆံရေးလည်း ကောင်းတာပဲ။ နောက်ပြီး ကွမ်းရှီးဆိုတဲ့ ကလေးမလေးက အဲ့ဒီလောက်ဆိုးဆိုးဝါးဝါးမဟုတ်မှာ သေချာပါတယ် --- ယင်းယင်၊ ကျစ်ဟုန်တို့မိသားစုမှာလည်း သားသမီးဆိုလို့ သူတစ်ယောက်ပဲရှိတာ။ သူကလည်း သမီးကို ဂရုစိုက်လွန်းလို့သာ ဒီလိုမလုပ်သင့်တဲ့အရာကို လုပ်မိသွားရတာပါ။ သမီး နည်းလမ်းစဉ်းစားကြည့်ပါဦး။ မဟုတ်ရင် သူ့မိဘတွေ ဒုက္ခရောက်သွားလိမ့်မယ်။"

Come To My Side (Myanmar Translation)Where stories live. Discover now