Chapter-50

728 64 10
                                    

စုန့်လီရှိတဲ့နေရာမှာဆို အဆိုအကတွေကတော့ သေချာပေါက်ရှိမှာပဲလို့ ကွမ်းရှီးက တွေးထားခြင်းဖြစ်သည်။

ဒါပေမဲ့ သူမ ရောက်သွားလို့ သူတို့အခန်းထဲကို ဝင်သွားတဲ့အခါမှာတော့ ဒီနေ့ အရမ်းကို တိတ်ဆိတ်နေတာကို တွေ့လိုက်ရတော့သည်။ စုန့်လီဘေးမှာ ထိုင်နေတဲ့ မိန်းကလေးတစ်ယောက်သာရှိပြီး အဲ့ဒါကလည်း သူ့ရည်းစားအသစ် ဖြစ်လောက်ပါသည်။

ရှောင်ကျဲကျဲတွေ တစ်ယောက်မှကို ရှိမနေခြင်းပင်။

"မမလေးလာပြီလား။" စုန့်လီက တက်တက်ကြွကြွနဲ့ သူမကို နှုတ်ဆက်လာကာ "လာ လာ လာထိုင်။"

ကွမ်းရှီးလည်း ရှိသမျှလူတွေနဲ့ နှုတ်ဆက်ပြီးတဲ့နောက် ကျန်းဆွေကျိုးဘေးမှာ ဝင်ထိုင်လိုက်ကာ "ဒီနေ့ ဘာနေ့မလို့လဲ။ နင်တို့တွေ ဒီလောက်လူစုံနေတာ။"

ကွမ်းယွမ်ပိုင်၊ ချီချန်ယန်၊ စုန့်လီ၊ ကျင်းခိုင်ချန်...... ဒီသူငယ်ချင်းတွေအကုန် ရောက်နေကြခြင်းပင်။

စုန့်လီက ပြုံးပြီး "ဘာမှတော့ မဟုတ်ပါဘူး။ နင့်အိမ်က ဒီပုဂ္ဂိုလ်က နင် ထမင်းလာစားမှာတဲ့၊ အဲ့ဒီရှောင်ကောကောလေးငါးယောက်လောက် အဖော်ပြုပေးတာလိုချင်တယ်ဆိုလို့ ငါတို့ အကုန်ရောက်လာကြတာလေ။"

နင့်စကားတော့ သေတောင်မယုံဘူး။

ကွမ်းရှီးက ကျန်းဆွေကျိုးကို လှည့်ကြည့်လိုက်တဲ့အခါ ကျန်းဆွေကျိုးက ရှင်းပြလာခဲ့သည်၊ "ကိုယ် မပြောပါဘူး။ သူ့ဘာသာသူ မင်းပြောတာကို အတင်းခိုးနားထောင်သွားတာ။"

"ငါဘယ်မှာ ခိုးနားထောင်လို့လဲ။" စုန့်လီက စပ်ဖြီးဖြီနှင့် "ဘယ်လိုလဲ၊ ကွမ်းရှီး။ နင့်အတွက် လူတွေအများကြီး ခေါ်ပေးထားတယ်နော်။ ငါတို့အကုန်လုံးကို ဒီလိုခေါ်နိုင်ဖို့အတွက် ပိုက်ဆံတော့ အများကြီးပေးရမှာဗျနော်။"

"တော်စမ်းပါဟယ်။" ကွမ်းရှီး သူ့ကို စိုက်ကြည့်ပေးလိုက်ကာ "ဒီည ငါက ဒီတိုင်းထမင်းစားဖို့လာတာ။ နင် ငါ့ကို ဟင်းနည်းနည်းမှာပေး။ ပြီးရင် နင်တို့ဘာသာ ပြောချင်တာပြောကြ၊ ငါ့ကို အရေးစိုက်မနေနဲ့။"

Come To My Side (Myanmar Translation)Donde viven las historias. Descúbrelo ahora