Chapter-63

574 86 6
                                    

ယန်ထျန်းယွီရဲ့ ဒီတမင်လုပ်နေတဲ့ အံ့အားသင့်သွားတဲ့ အမူအရာကြီးက တော်တော်လေးကို အမြင်ကတ်စရာကောင်းလွန်းလှသည်!!!

ကွမ်းရှီး မျက်ဖြူတောင် မသိမသာလှန်လိုက်မိကာ ; "ဪ၊ သူက အလုပ်ကိစ္စကို ဘယ်တုန်းကမှ အိမ်ကို ပြန်သယ်မလာတတ်ဘူးလေ။ တချို့ကိစ္စတွေ ကျွန်မကို ပြောမပြဘူးဆိုတာ သဘာဝကျပါတယ်။"

တင်--

ဓာတ်လှေကားရောက်လာတဲ့အခါ ကွမ်းရှီး အထဲဝင်သွားလိုက်တော့သည်။

ယန်ထျန်းယွီကလည်း လိုက်ဝင်လာကာ ; "အဲ့လိုတော့ မဟုတ်ဘူးထင်တာပဲနော်။ ငါ မှန်းကြည့်ရရင်တော့...... နင် သိသွားပြီးရင် သူ့ကို ပြဿနာရှာပြီး လမ်းခွဲမှာကို ကြောက်တာဖြစ်လောက်မယ်?"

ကွမ်းရှီး မျက်မှောင်ကြုတ်သွားမိကာ ; "ရှင် ဘာကို ပြောချင်နေတာလဲ မသိဘူး။ ပြောချင်တာကို တည့်ပဲ ပြောပြလိုက်ပါလား။"

ယန်ထျန်းယွီမှာ ဖုံးကွယ်ထားတဲ့ မျက်နှာအမူအရာတွေ အများကြီးရှိနေပြီး နှမြောတဲ့အမူအရာပါသလို ပွဲကြီးပွဲကောင်း ကြည့်နေတဲ့အမူအရာမျိုးလည်း ပါကာ ဘယ်လိုဟာပါပါ မြင်နေရတဲ့လူကိုတော့ အတော်လေး စိတ်ကသိကအောက်ဖြစ်စေနိုင်သည်။

"ငါတို့ရဲ့ ဒီတတိယမောင်လေးကတော့လေ၊ အရင်နှစ်တုန်းက ကျားရုန်ဆီကနေ ဒီနည်းပညာပရောဂျက်ကို အတင်းလုယူသွားခဲ့တာ။ ငါတို့ကလည်း သူ ကောင်းကောင်းလုပ်နိုင်ရင် ပြီးတာပါပဲဆိုပြီး ထားလိုက်တာ။ ဒါပေမဲ့ လက်တွေ့ကျတော့ရော သူ ကောင်းကောင်းမှ မလုပ်နိုင်ခဲ့တာ။ ငါတို့လည်း လတ်တလောကမှ သိတော့တာပဲ၊ သူ အဲ့ဒီဘက်မှာ ပိုက်ဆံတွေ အများကြီးဆုံးလာတယ်ဆိုတာကို။ အဲ့ဒီတွင်းကို ဖြည့်ဖို့အတွက်ကို ရန်ပုံငွေတွေပါ သုံးလိုက်ရလို့ ဘာမှတောင် မကျန်လောက်တော့ဘူးထင်တာပဲ။"

"......"

"အခု ကုမ္ပဏီက ရှယ်ယာဝင်တွေနဲ့ အထက်လူကြီးတွေ တော်တော်များများက ထွက်လာပြီး မကျေနပ်ကြောင်းပြောနေကြတာ။ ဒီတစ်ကြိမ် နည်းပညာကုမ္ပဏီဘက်က ဆုံးရှုံးသွားတာကို ကျန်းဆွေကျိုး သူ့ဘာသာသူတောင် ဖြေရှင်းလို့ရမှာ မဟုတ်တော့ဘူး။ ရုံးချုပ်ကနေ ဘယ်လောက်တောင် သုံးပြီး ပြန်ကယ်ပေးရမယ်မသိဘူး။"

Come To My Side (Myanmar Translation)जहाँ कहानियाँ रहती हैं। अभी खोजें