Chapter-58

978 111 2
                                    

ရေခဲကပ်တဲ့အချိန်က အဲ့ဒီလောက်ကြီးမမြန်ပေမဲ့လည်း မိတ်ကပ်ခန်းတစ်ခန်းလုံးဟာတော့ တိတ်ဆိတ်ငြိမ်သက်နေကာ ကွမ်းရှီးရဲ့ မကျေမနပ်နဲ့ ညည်းညူနေတဲ့အသံကလွဲရင် တခြားဘာဆို ဘာသံမှကို မကြားရတာဖြစ်သည်။

တစ်ခဏလောက်အကြာမှာတော့ ကျန်းဆွေကျိုးက လွှတ်ပေးလိုက်တော့သည်။ တစ်ချိန်တည်းမှာပဲ တံခါးခေါက်သံတစ်သံဟာ မိတ်ကပ်ခန်းထဲက ငြိမ်သက်နေတဲ့ အခြေအနေကို ဖျက်ဆီးလိုက်လေ၏။ လီချန်က လှည့်ကြည့်လိုက်ကာ ချက်ချင်းပဲ တံခါးပြေးဖွင့်လိုက်သည်။

"ဘယ်သူ့ကို ရှာတာလဲရှင့်။"

အပြင်မှာရပ်နေတဲ့လူဟာ လီချန်ကို ပြုံးပြလိုက်ပြီး အထဲကို လက်ညှိုးထိုးပြကာ "ဥက္ကဌကျန်း။"

လီချန် ; "အာ...... အထဲမှာ၊ အထဲမှာ။ ဝင်လာခဲ့ပါ။"

"မဝင်တော့ဘူးဗျ။" ကျိုးဟောက်က နေရာမှာတင်ပဲ တုပ်တုပ်မှ မလှုပ်ဘဲ ရပ်နေလေ၏။

ဒါပေမဲ့ သူ့လှုပ်ရှားမှုကို အထဲကလူက သတိထားမိသွားပြီဖြစ်သည်။ ကျန်းဆွေကျိုးက အဲ့ဒီဘက်ကို တစ်ချက်ကြည့်လိုက်ကာ ရေခဲထုပ်ကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ပြီး ကွမ်းရှီးဘက် လှည့်ကာ; "ကိုယ် အပြင်က စောင့်မယ်။ ယူစရာရှိတာ ယူပြီးတာနဲ့ ထွက်လာခဲ့လိုက်။"

"အိုး။"

ကျန်းဆွေကျိုး အပြင်ထွက်သွားပြီးနောက် ကွမ်းရှီးက အေးစက်နေတဲ့ သူမမျက်နှာလေးကို ထိကြည့်လိုက်မိသည်။ နောက် ပစ္စည်းတွေကို အိတ်ထဲ စထည့်လိုက်တော့သည်။

လီချန်နဲ့ ချီဖေးဖေးတို့နှစ်ယောက်ဟာ အဲ့ဒီတော့မှပဲ ရှေ့ကို တိုးလာရဲကြတော့တာဖြစ်၏။

လီချန် ; "ကွမ်းရှီး ခုနက ကျန်းဆွေကျိုးမလား! သူက ဘယ်လိုလုပ်ရောက်လာတာလဲ။ နင်တို့ နင်တို့က ......"

"နင်တို့က တွဲနေတာမလား!" ချီဖေးဖေးက စိတ်လှုပ်ရှားနေတာကို မနည်းထိန်းကာ "ဘုရားရေ၊ ခုနကတော့ မပြောဘူး။ သူက နင့်အပေါ် အရမ်းကောင်းတာပဲနော်။ အဲ့ဒီတော့ အဲ့ဒီတော့ အင်တာနက်ပေါ်က သတင်းတွေက သတင်းမှားတွေပေါ့?!"

Come To My Side (Myanmar Translation)Where stories live. Discover now