Chapter-2

855 81 0
                                    


သူတို့ကားလေးဟာ ပုံမှန်နှုန်းနဲ့ သွားနေဆဲပါပဲ။ ရှေ့က ဒရိုင်ဘာဟာလည်း နောက်ကလူတွေရဲ့ စကားတွေကို ကြားပေမဲ့ မျက်တောင်တစ်ချက်တောင် ခတ်မသွားခဲ့ပါဘူး။ ကြည့်ရတာ သူ့ခမျာလည်း ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ ကျင့်သားရနေပြီထင်ပါရဲ့။

ကျန်းဆွေကျိုးက 'အင်း'သံ တစ်ချက်ပြုလိုက်ကာ "ဒါဆို ကိုယ် မင်းအိမ်ကို ပြန်ပို့ပေးရမလား။"

သူတို့ တူတူအိပ်လို့မရတာနဲ့ သူမကို အိမ်ပြန်ပို့တော့မယ်ပေါ့။ ဒီခွေးလိုလူကတော့!

သူမ ဒေါသထွက်သွားတာကြောင့် ခြေထောက်ကို ဆန့်ထုတ်ကာ သူ့ပေါင်ကို ကန်ပစ်လိုက်သည်။ တစ်ကြိမ်ကန်ရုံနှင့် မလုံလောက်သေးဟု ခံစားမိတာကြောင့် နောက်တစ်ကြိမ်ကန်ဖို့ ဟန်ပြင်လိုက်သော်လည်း သူမ ခြေချင်းဝတ်ကနေ ဖမ်းဆွဲခံလိုက်ရလေသည်။

ကျန်းဆွေကျိုး ငုံ့ကြည့်လာကာ
"ဘာဖြစ်တာလဲ။"

ကွမ်းရှီးဟာ မကျေမချမ်းနဲ့ ပြောလိုက်သည်မှာ "နင့်အိမ်ကိုပဲသွား။ ဒီနေ့ စိတ်မကြည်လို့ အိမ်မပြန်ချင်ဘူး။"

စိတ်မကြည်လို့ သူ့အိမ်ကိုလိုက်မယ်ဆိုပေမဲ့ တူတူတော့ မအိပ်ဘူး။

ဒီအချက်တွေကို ဆက်စပ်ကြည့်လိုက်မိပြီးတဲ့နောက် ကျန်းဆွေကျိုး သူမကို မေးလိုက်သည်။ "ရာသီလာနေတာလား။"

ကွမ်းရှီး မျက်ဖြူလှန်ပြလိုက်ချင်သော်လည်း ပြန်တွေးကြည့်လိုက်လျှင် ဒီဆင်ခြေလည်း အလုပ်ဖြစ်သားပဲဟု ထင်မိသည်။ သူမ တကယ်လည်း အိမ်မပြန်ချင်ပေ။

"အင်း။"

"မင်း ရာသီလာတာ မမှန်ဘူး။" ကျန်းဆွေကျိုး ခဏစဉ်းစားသွားပုံပေါ်ကာ "နေမကောင်းဘူးလား။"

တကယ်ကိုပါပဲ။ သူမရဲ့ ချစ်လှစွာသော ဒီရည်းစားလေးက တခြားအရာတွေ မမှတ်မိရင်တောင် သူမရဲ့ ရာသီစက်ဝန်းကိုတော့ သေသေချာချာကြီးကို မှတ်မိနေတာပဲ။

"အခုတလော အရမ်းအလုပ်ရှုပ်နေလို့ နေမှာ။" ကွမ်းရှီးက တစ်ခါတည်း သူမခြေထောက်ကို သူ့ပေါင်ပေါ် လွှဲတင်လိုက်ကာ "ဒီနေ့တစ်နေကုန် မတ်တတ်ရပ်နေရတာ ညောင်းလိုက်တာ အရမ်းပဲ။ နောက်တစ်ခါ သတို့သမီိးအရံလုပ်ပေးဖို့ သဘောတူမိရင် အဲ့ဒါ ငါစိတ်လွတ်နေလို့နေမှာပဲ။"

Come To My Side (Myanmar Translation)Dove le storie prendono vita. Scoprilo ora