Chapter-26

565 53 1
                                    

ကွမ်းရှီးက သူ လှူဒါန်းတဲ့စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးဖို့ တူတူလိုက်ပေးမယ်ပြောပေမဲ့ သူမစိတ်ထဲမှာတော့ တခြားစိတ်ကူးလေးတွေ ရှိနေသေးသည်။

လက်မှတ်ထိုးပြီးနောက်မှာတော့ ဂေဟာမှူးက သူတို့ကို ရုံးခန်းထဲကနေ အပြင်ကို ပြန်လိုက်ပို့တဲ့အချိန်မှာတော့ ကွမ်းရှီးက ရုတ်တရက် လှည့်လာကာ "ဂေဟာမှူး၊ ကျွန်မ ရှင့်ကို ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဒုက္ခပေးရဦးမယ်။

ကျန်းဆွေကျိုးလည်း အစောကတည်းက သူမ ဒီလိုလုပ်မယ်ဆိုတာကို ခန့်မှန်းမိပြီးသားပုံနှင့် ရပ်သွားခဲ့သည်။

ဂေဟာမှူး "ပြောပါခင်ဗျာ။"

ကွမ်းရှီး တုံ့ဆိုင်းနေခဲ့ကာ "ကျွန်မ အရင်တုန်းက မွေးစားခံလိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ အချက်အလက်တွေကို ကြည့်ချင်လို့ပါ။"

ဂေဟာမှူးက အခက်တွေ့သွားကာ "အဲ့ဒါက...... မွေးစားခံရတဲ့ကလေးတွေနဲ့ ပတ်သက်ပြီးတော့က ပုံမှန်အတိုင်းဆို ကျွန်တော်တို့က အဲ့ဒီကလေးရဲ့ အချက်အလက်တွေကို အပြင်လူတွေဆီ ပေးလို့မဖြစ်ဘူးဗျ။"

"ပုံမှန်အခြေအနေမဟုတ်ပါဘူး။" ကွမ်းရှီး အံကြိတ်လိုက်ကာ "ကျွန်မပါ။ ကျွန်မအချက်အလက်ကို ကျွန်မ ကြည့်ချင်တာပါ။"

ဂေဟာမှူးက အံ့ဩနပန်းဖြစ်သွားကာ "ဘယ်လို? မင်းက......"

ကွမ်းရှီး "အရင်တုန်းက  ကျွန်မအဖေက ဒီကနေခေါ်ပြီး ကျွန်မကို မွေးစားခဲ့တာပါ။"

......

နာရီဝက်လောက်အကြာမှာတော့ ကွမ်းရှီး အချက်အလက်တွေ သိမ်းတဲ့အခန်းကနေ ထွက်လာခဲ့သည်။

ကွမ်းရှီး အလောတကြီး မပြန်သေးချေ။ အနောက်ခြံဝင်းဆီသွားကာ ကျောက်သားခုံတန်းလေးမှာ ထိုင်ပြီး မျက်စိရှေ့က ပြေးလွှားနေတဲ့ကလေးတွေကို ခပ်တွေတွေနဲ့ ငေးကြည့်နေခဲ့မိသည်။

လွန်ခဲ့တဲ့ အနှစ်၂၀က အဖေက ဒီကနေ သူမကို ခေါ်ပြီး မွေးစားခဲ့သည်။ နောက်တော့ နိုင်ငံခြားမှာပဲ နေခဲ့ပြီး သူမ ၈နှစ် ၉နှစ်လောက်ရောက်မှ တရုတ်ပြည်ကို ပြန်လာခဲ့သည်......

Come To My Side (Myanmar Translation)Where stories live. Discover now