Chapter-22

579 66 5
                                    

တစ်ခဏလောက်နေတော့ လက်ဝတ်ရတနာတွေကို စပြီး ထုတ်လာတော့သည်။

ကျောက်မျက်ရတနာဆိုတော့ ဒီနေ့ပွဲကို တက်လာတဲ့ သူဌေးကတော်တွေ၊ သူဌေးသမီးတွေ အကြိုက်ဖြစ်ပြီး အကုန်လုံးက ပစ္စည်း နှစ်ခုသုံးခုလောက်ရအောင် လေလံဆွဲသွား ချင်ကြသည်။

"နောက်ထပ်အနေနဲ့တော့ ဒီလက်ကောက်လေးကို ကြည့်လိုက်ရအောင်လားဗျာ။ ဒီပစ္စည်းကတော့ GIA အသိအမှတ်ပြု ၅.၃၂ ကာရတ်ရှိတဲ့အပြင် သန့်စင်မှုအဆင့်ကလည်း VVS1 အထိ ရှိတဲ့ The Pink Smile ပဲ ဖြစ်ပါတယ်ခင်ဗျာ။"

မိန်းကလေးတွေအကုန်လုံး လိုချင်တဲ့ ပစ္စည်းဖြစ်တာနဲ့အညီ ခန်းမတွင်းမှာ တီးတိုးစကားသံတွေ ထွက်လာတော့သည်။

ကျန်းဆွေကျိုးသည် စင်ပေါ်က လက်ကောက် ကို တစ်ချက်ကြည့်ပြီးတဲ့နောက် ကွမ်းရှီးကို ပြန်ကြည့်လာခဲ့သည်။

ကွမ်းရှီးဟာ လက်ကို ဆန့်လိုက်ပြီး သူ့ရှေ့မှာ ယမ်းပြလိုက်ကာ
"နင်ပြောကြည့်၊ လက်ကောက်မရှိတော့ ငါ့ လက်ကောက်ဝတ်လေးက အရမ်းကို ပြောင် ရှင်းမနေလွန်းဘူးလား။"

ကျန်းဆွေကျိုး ခေါင်းပြန်ညိတ်ပြလိုက်သည်။ သူ့အိမ်က အဝတ်လဲခန်းထဲမှာရှိတဲ့ ကွမ်းရှီးရဲ့ လေးငါးတန်းလောက်ရှိမဲ့ လက်ကောက်တွေ၊ ဟန်းချိန်းတွေကို မရှိတော့သလို သဘောထားလိုက်ရရင်းနဲ့ပဲ  "ဒါပေါ့။"

ကွမ်းရှီး "ဟုတ်ပနော်။ ဒါဆို ဒီလက်ကောက် လေး ငါကြိုက်တယ်။"

"အိုကေ။"

လေလဲဆွဲတဲ့သူတွေ ဈေးစပေးလာကြသည်။ ပန်းရောင်စိန်ဆိုတာ ရဖို့ခက်ခဲသလို နဂို ကတည်းက အရမ်းလည်း ရှားပါးသည့် စိန်တစ်မျိုးဖြစ်သည်။ သန့်စင်မှုအဆင့်က လည်း တော်တော်လေးမြင့်တာကြောင့် ဈေးတွေက တစ်ခါတစ်ခါကို မီလီယံနဲ့ ချီချီပြီး တက်နေတော့သည်။

ကျန်းဆွေကျိုးကတော့ အကုန်လုံး ဈေးပြိုင် ပေးပြီးလို့ ဈေးခုန်ခုန်တက်နေတာ ရပ်မသွား ခင်အထိ ငြိမ်နေခဲ့သည်။ အရှေ့က အမျိုးသမီးကြီးက သူရသွားပြီလို့ ထင်နေတဲ့အချိန် မှာပဲ ကျန်းဆွေကျိုးက နံပါတ်ပြားကို ထောင် ပြီး ဈေးစပေးလိုက်သည်။

Come To My Side (Myanmar Translation)Where stories live. Discover now