Chapter-48

683 75 0
                                    

ကွမ်းရှီးက ဝမ်းချင်းတို့နဲ့ အိပ်ခန်းတစ်ခန်းတည်း မဟုတ်တာကြောင့် မနေ့ညက သူမ ပြန်မလာတာကို သူတို့ မသိခဲ့ကြပေ။

ဒါပေမဲ့ မနက်ခင်းရောက်တော့ ဝမ်းချင်းက ကွမ်းရှီး အိပ်ခန်းတံခါးကို သွားခေါက်နေတုန်း ရေချိုးဝတ်ရုံကြီးဝတ်ပြီး တံခါးမကြီးကနေ ဝင်လာတဲ့ ကွမ်းရှီးကို တွေ့လိုက်ရတော့မှပဲ သူမ ပြန်မလာတာကို သိသွားကြတာဖြစ်သည်။

ဝမ်းချင်း ; "နင် ဒါက...... ဘယ်သွားတာလဲ။"

ကွမ်းရှီး ; "အပေါ်ထပ်ကအခန်းကို။ နင်တို့ အကုန်နိုးကြပြီလား။ ခဏလေးနော်၊ ငါ အင်္ကျီလဲလိုက်ဦးမယ်။"

ဝမ်းချင်းက ကြောင်သွားပြီး မေးလိုက်မိသည်၊ "ငါတို့အဖွဲ့ထဲမှာ အပေါ်ထပ်မှာ နေတဲ့လူ ရှိတာလား။"

ကွမ်းရှီးက သန်းလိုက်ရင်း "ကျန်းဆွေကျိုးက အပေါ်ထပ်မှာ နေတာ ...... ဪ၊ ငါ့ကောင်လေး။"

ဝမ်းချင်းနဲ့ ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အချင်းချင်းကြည့်လိုက်မိပြီးကာမှ "နင့် နင့်သတို့သားလောင်းကိုး။ သူက အပေါ်မှာနေတာလား။"

ကွမ်းရှီးက အင်းလို့သာ တစ်ချက်ပြန်ဖြေပြီးတဲ့နောက် သူမအခန်းတံခါးကို ဖွင့်ပြီး အင်္ကျီလဲဖို့ အထဲဝင်သွားတော့သည်။

"ဝမ်းချင်းကျဲ၊ ကွမ်းရှီးကောင်လေးက ပိုက်ဆံအရမ်းရှိတာထင်တယ်နော်။"

ဝမ်းချင်း ; "ငါက ဘယ်လိုလုပ်သိမှာလဲဟ။"

"ညီမတို့ အပေါ်ထပ်က presidential suite တွေလေ! အရမ်းဈေးကြီးတာ!"

ဒီဟိုတယ်က အခန်းအမျိုးအစားတွေအကုန်လုံးရဲ့ ဈေးနှုန်းတွေကို ဝမ်းချင်း ပြန်တွေးမိသွားတဲ့အခါ...... အမလေးလေး၊ presidential suite တဲ့၊ အဲ့ဒီလောက်ပိုက်ဆံပမာဏသုံးဖို့ဆိုတာ သူမအတွက်တော့ ကိုယ့်အသားကိုယ် လှီးရောင်းလိုက်မှပဲ ရနိုင်မှာပဲ!

"ကျစ် သူများကိစ္စကို စပ်စုမနေနဲ့။ လိုအပ်တဲ့ပစ္စည်းတွေ ပြင်ထား။ မြန်မြန်အလုပ်လုပ်ချည်တော့။"

"ဪ"

Dနိုင်ငံက ဒီဟိုတယ်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကို နာမည်ရှိတဲ့ဟိုတယ်တစ်ခုဖြစ်သည်။ မတည်းဘူးဆိုရင်တောင် ဒီနိုင်ငံကို ရောက်လာရင် ဒီဟိုတယ်ရဲ့ open area ကို သေချာပေါက်ကို လာကြည့်သင့်သည်။ ဒါ့ကြောင့် ဒီနေ့နေ့ခင်းတစ်ပိုင်းနဲ့ မနက်ဖြန်နေ့တစ်ပိုင်းအချိန်အတွင်းမှာ သူတို့အဖွဲ့က ဒီဟိုတယ်က စားသောက်ဆိုင်တွေမှာ စားကြည့်ပြီး ပျော်စရာကောင်းမဲ့အရာတွေကို ကစားကြမည်ဖြစ်ကာ ပြီးတော့မှ အနှစ်ချုပ်ပြီး အကြံပြုလမ်းညွှန်ချက်တွေ ပေးမှာဖြစ်သည်။

Come To My Side (Myanmar Translation)Where stories live. Discover now