Chapter-40

715 71 4
                                    



တဖျတ်ဖျတ်လက်နေတဲ့ မီးရောင်တွေ၊ အရောင်မျိုးစုံရှိနေတဲ့ အရက်ခွက်တွေနဲ့အတူ ပျော်ရွှင်နေကြတဲ့ သူငယ်ချင်းတွေရဲ့အသံတွေ။

အရင်ကဆို ဒီလိုပတ်ဝန်းကျင်မျိုးကို ကွမ်းရှီး အရမ်းကြိုက်ခဲ့ပေမဲ့ အခုတော့ စိတ်အခြေအနေက သိပ်အကောင်းကြီး မဟုတ်လို့ထင်ပါရဲ့၊ ဒီလိုနေရာမျိုးကို ရောက်နေပေမဲ့ စိတ်က တက်ကြွမလာဘဲ လန်နင်ယီးကို အဖော်လုပ်ပေးဖို့သက်သက်အတွက် လိုက်လာတဲ့ ကျောက်ရုပ်ကြီးလိုပင်။

"တစ်ပွဲရှုံးရင် depth charge တစ်ခွက်ဆို မလွန်ဘူးမလား။" ဂိမ်းစကစားတဲ့အခါ လန်နင်ယီးက ပြောလာခဲ့သည်။

(T/N; depth charge ဆိုတာ vodka နဲ့ beer ရောထားတဲ့ဟာမျိုးပါတဲ့။)

ကျုံးလင်ဖန်း "အာ...... ကွမ်းရှီး ကစားတာ ဘယ်လောက်တော်လဲ သိရဲ့သားနဲ့၊ ဒီလိုလာလုပ်နေတယ်ပေါ့၊ နင်ချည်းပဲ သောက်ရပြီး သေနေဦးမယ်။"

လန်နင်ယီး "ဒီနေ့ ငါ့မှာ တပ်ကူတွေရှိတယ်လေ။ ဒီကိုလူချောသုံးယောက်က ငါ့ကို ကူပေးလို့ရတာပဲ။"

ကွမ်းရှီးက စိတ်မပါသလိုနှင့် တစ်ချက်ကြည့်လိုက်ကာ "ကစားမယ်ဆိုလည်း မျှမျှတတတော့ ကစားမှပေါ့။"

"နင်နဲ့ အံစာတုံးကစားရမယ်ဆိုမှတော့ မမျှတနိုင်ဘူး‌ဟေ့။"

"ကွမ်းရှီးက တကယ်ကြီး အဲ့ဒီလောက်တော်တာလား။" လန်နင်ယီးဘေးကတစ်ယောက်က ပြုံးပြီး မေးလာခဲ့သည်။

လန်နင်ယီး "ဒါပေါ့။ ဒီလိုဂိမ်းဆို သူက ဆရာမကြီးပဲ။"

အဲ့ဒီတစ်ယောက်က စိတ်ဝင်တစားနှင့် "ကျွန်တော်လည်း သိပ်မဆိုးဘူးလို့ ပြောလို့ရတယ်။ လာလာလာ၊ တစ်ခေါက် စမ်းကစားကြည့်တာပေါ့။"

... ...

ဒီဘက်ဝိုင်းမှာ စကစားကြတဲ့အချိန် မလှမ်းမကမ်းဝိုင်းက လူတွေကတော့ မကြာခဏဆိုသလို ကွမ်းရှီးတို့ဘက်ကို လှည့်လှည့်ကြည့်နေကြသည်။

"နင့်အဒေါ်က ကွမ်းယင်ကို ခေါ်ပြီး ဝေ့အိမ်ကို ပြန်လာတယ်ဆို။ နင့်အဒေါ်က နင့်ဦးလေးနဲ့ ရန်ဖြစ်တာ တော်တော်လေးပြင်းထန်တာလား။" ကွမ်းရှီး ရောက်လာတာကို မြင်တဲ့ လီရှင်းရန်က နောက်ဆုံးမှာတော့ အောင့်မထားနိုင်တော့ဘဲ ဝေ့ဇစ်ဟန်ကို မေးလာတော့သည်။

Come To My Side (Myanmar Translation)Where stories live. Discover now