Chapter-5

680 68 3
                                    

5
ယနေ့က ရုံးပိတ်ရက်ဖြစ်တာကြောင့် သူတို့နှစ်ယောက်လုံး အလုပ်သွားစရာမလိုပေ။

ကွမ်းရှီး စောစောနိုးနေကာ ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။ ကျန်းဆွေကျိုး ရေချိုးပြီး ထွက်အလာတွင် ရသစုံရှိုးတွေကြည့်နေသော ကွမ်းရှီးကို တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။ အရင်ကဆို သူမက သူ့အိမ်မှာ ကြာကြာမနေဘဲ နိုးတာနဲ့ တန်းပြန်သွားတတ်သည်လေ။

သူ ဒီအကြောင်းကို ခဏလောက်ပဲ တွေးလိုက်မိသည်။ သူတို့ နှစ်ယောက်က တစ်ယောက်ကိစ္စတစ်ယောက် မစပ်စုကြသလို ဝင်လည်းမစွက်ဖက်တတ်ကြဘူး မဟုတ်လား။ ဒါ့ကြောင့် မနက်စာစားပြီးတာနဲ့ သူလည်း သူ့အလုပ်သူ လုပ်နေလိုက်တော့သည်။

ကွမ်းရှီး တစ်မနက်လုံး အဲ့ဒီမှာပဲ ထိုင်နေခဲ့ပြီး ကွမ်းရှင်းဟောင်ဆီမှဖုန်းကိုလည်း မကိုင်ခဲ့ပေ။

နေ့လယ်အရောက်တွင်တော့ အသက်ကိုဝအောင်ရှူလိုက်ကာ မိတ်ကပ်ပြင်ရန် အဝတ်လဲခန်းထဲသို့ ဝင်သွားလိုက်သည်။

အိမ်အကူအန်တီကြီးမှာလည်း နေ့လယ်စာ ချက်နေသောကြောင့် ကျန်းဆွေကျိုး အလုပ်လုပ်ပြီး၍ ထွက်လာသောအခါ ဧည့်ခန်းထဲမှာ မနေ့ညက ကွမ်းရှီးလုပ်ထားတဲ့အရာတွေရဲ့ အကြွင်းအကျန်တွေကိုသာ တွေ့လိုက်ရသည်။

"ကွမ်းရှီး ပြန်သွားပြီလား။"

အန်တီကြီးက အဝတ်လဲခန်းဘက် လက်ညှိုးထိုးပြလိုက်ကာ "မစ္စကွမ်းက အဝတ်လဲခန်းထဲမှာ အလှပြင်နေပါတယ်။"

ကျန်းဆွေကျိုး "အိုး" ဟု ပြောပြီး အဝတ်လဲခန်းဘက် သွားလိုက်သည်။ သူ တံခါးဝတွင်သာ ရပ်နေလိုက်ကာ အခန်းထဲတွင် နှုတ်ခမ်းနီးဆိုးနေသော ကွမ်းရှီးကို တွေ့လိုက်ရလေ​၏။

အနီရင့်ရောင်နှုတ်ခမ်းနီက ဒီနေ့ သူမ ပြင်ထားတဲ့ အရမ်းကို ခက်ထန်တဲ့မိတ်ကပ်ပုံစံနဲ့ ပေါင်းလိုက်သောအခါ လူသွားသတ်တော့မည့်ပုံပေါက်သွားတော့သည်။

"နေ့လယ်စာ မစားတော့ဘူးလား။" ကျန်းဆွေကျိုး မေးလိုက်သည်။

ကွမ်းရှီးဟာ နှုတ်ခမ်းနီိကို အိတ်ထဲထည့်ပြီး ကျန်းဆွေကျိုးဆီ လျှောက်သွားလိုက်ကာ "ငါ့အဖေက အိမ်ပြန်လာဖို့ ပြောထားတယ်။"

Come To My Side (Myanmar Translation)Where stories live. Discover now