Chapter-47

628 67 4
                                    

ဝန်ထမ်းက ကိတ်ပို့ပေးပြီးတာနဲ့ ပြန်ထွက်သွားခဲ့သည်။ ကွမ်းရှီးဟာ ငြိမ်းခါနီး ဖယောင်းတိုင်ကို ကြည့်ရင်း ငြိမ်နေခဲ့မိသည်။

ခဏလောက်စောင့်ပြီးတဲ့အထိ ကွမ်းရှီးဆီက ဘာသံမှ ထွက်မလာသေးတဲ့အခါ ကျန်းဆွေကျိုး သူမကို လှမ်းစလိုက်ပါတော့သည်၊ "ဆုတောင်းတွေ အရမ်းများနေတာလား။ ချရေးဖို့ စာရွက်ယူပေးရဦးမလား။"

ကွမ်းရှီးက သူ့ကို အရေးမစိုက်ဘဲ ဖယောင်းတိုင်ကိုပဲ လှမ်းမှုတ်လိုက်တော့သည်။

ကျန်းဆွေကျိုးမျက်ခုံးတွေ အသာပင့်သွားခဲ့မိသည်။

"ဆုတောင်းပြီးပြီ။" ကွမ်းရှီးက သူ့ဘက်ကို ပြန်လှည့်ကြည့်လာခဲ့သည်။

ကျန်းဆွေကျိုးက "ပြောပါဦး၊ ဘယ်လိုရှားပါးပစ္စည်းမျိုးကိုများ လိုချင်တာလဲ" ဆိုတဲ့ မျက်နှာထားနှင့် ခေါင်းညိတ်ပြလာခဲသည်။

ကွမ်းရှီးက လက်ညှိုးလေးကွေးပြီး လှမ်းခေါ်လိုက်သည်၊ "လာခဲ့၊ ပြောပြမယ်။"

ကျန်းဆွေကျိုးကလည်း သူမစကားကို နားထောင်ပြီး ထလာကာ "ပြော။"

ကွမ်းရှီးက မနီးမဝေးက ဝရန်တာဘက်ကို လက်ညှိုးထိုးပြကာ "ငါ့ရဲ့ ဆုတောင်းက ကျန်းဆွေကျိုး အဲ့ဒီမှာရပ်ပြီး ကွမ်းရှီးက ကျွန်တော် အချစ်ဆုံး အချစ်ဆုံး အချစ်ဆုံး၊ အချစ်ရဆုံးသူပါ လို့ အော်ပြောဖို့။"

"......"

"တကယ့်ကို စိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်း လာတဲ့ ခံစားချက်မျိုးနဲ့ ပြောရမှာနော်။"

ကျန်းဆွေကျိုးက သူမကို ငုံ့ကြည့်လာကာ "မင်း အခုတလော ဘယ်လိုပေါကားတွေ ကြည့်ထားတာလဲ။"

"မကြည့်ထားပါဘူးနော်။"

ကွမ်းရှီးက ထရပ်ပြီး သူ့ကို ဝရန်တာဘက် ဆွဲခေါ်သွားခဲ့သည်။ အမိုးကနေ ကြမ်းအထိရှိတဲ့ ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်တဲ့အခါ ပူစပ်စပ်နိုင်တဲ့ ညဘက်လေတွေက တရှိန်တိုး ဝင်ရောက်လာပါတော့သည်။ ကွမ်းရှီးက ဘေးမှာမှီကာ သူမမျက်ဝန်းတွေမှာလည်း ပြုံးရိပ်သန်းနေခဲ့ပြီး "ငါ့ရဲ့ ဒီဆုတောင်းလေးက ဒီလောက်ရိုးရှင်းတာကို၊ အကောင်အထည် ပေါ်မလာနိုင်တော့ဘူးလား။"

Come To My Side (Myanmar Translation)Where stories live. Discover now