{1}

11.7K 1.2K 181
                                    

ကတ္တရာလမ်းမပေါ်မှာ တရိပ်ရိပ်ပြေးနေသည့် ကားတစ်စီး။
ထိုကားပေါ်မှာ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်နဲ့သူ၏ မိခင်ဖြစ်ဟန်တူသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးတို့ပါလေ၏။

"Sweetie မနက်စောစောတည်းက စာအုပ်နဲ့မျက်နှာ မခွာပါလား...ဘာစာအုပ်တွေ ဖတ်နေတာလဲ သား..."

ကားမောင်းနေရင်းကနေ သူမ လှမ်းမေးတော့ သားဖြစ်သူက စာအုပ်ကို ပိတ်ကာသူမဘက်သို့ ထိုးပြလေ၏။
သဘောက ကိုယ်တိုင်ဖတ်ပေါ့...

"မေမေ ကားမောင်းနေတာမို့ သား ထယ်ကပဲ ခေါင်းစဉ်ဖတ်ပြပေးလေ.."

ထယ် ဟုအခေါ်ခံလိုက်ရသည့်  နီညိုရောင်ကျောင်းဝတ်စုံနဲ့ကောင်လေးဟာ စိတ်အလိုမကျသည့်ဟန်ဖြင့် မျက်လုံးတွေကို အပေါ်သို့လှန်ကြည့်သလို ပြုမူလိုက်ပြီးမှ စာအုပ်အဖုံးထက်မှ နာမည်ကို ရွတ်ပြလိုက်၏။

"အထီးကျန်မှုကို ဖြေဖျောက်နည်းများ"

ကြားလိုက်ရသည့် အဖြေကြောင့် ကားမောင်းနေတဲ့ သူမပင် တအံ့တဩဖြစ်သွားကာ ဘေးခုံမှ သားကို လှည့်ကြည့်မိတော့ စာအုပ်ကို ပြန်ဖတ်နေပြီဖြစ်သည်။

"သား.... မေမေ တို့ကို စိတ်ဆိုးနေတာလား....သား ဖေဖေက သားကို!"

"ကောင်းစေချင်လို့ ဒီလိုတွေလုပ်နေတာလို့ပဲ ပြောဦးမှာမလား....တော်ပါတော့ မေမေရယ်....ဒီစကားတွေကို လွန်ခဲ့တဲ့ တစ်ပါတ်တည်းက နားထောင်ခဲ့ရတာမို့ ငြီးငွေ့လာပြီ...အခုဖတ်နေတဲ့စာအုပ်ကလည်း ကျွန်တော့်ဘာသာ စိတ်ဝင်စားလို့ဖတ်ာ မေမေတို့နဲ့ဘာမှမဆိုင်ပါဘူး"

စာအုပ်ကို ဆတ်ခနဲပိတ်ချကာ ထယ်ယောင်း ငြီးငြီးငြူငြူလေးပြောမိသည်။
မိဘတွေဖြစ်စေချင်သလို နေပေးနေတာကို တခါတလေကျ ဘာတွေကလွဲမှားနေမှန်းလည်း သူတကယ် မသိတော့ဘူး။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီကျောင်းကို တက်ခွင့်ရတာနဲ့တင် သားအတွက် အများကြီး အထောက်အကူဖြစ်မှာပါ....ဒီ တော်ဝင်ကျောင်းက လူတိုင်းဝင်ခွင့်ရတာမဟုတ်လို့ သားအနေနဲ့တန်ဖိုးထားရမယ်၊‌ ပျော်ပျော်နေပြီး ကြိုးစားရမယ်နော်....မေမေ့ကို ကတိပေး..."

The Alpha Zone (Completed)Where stories live. Discover now