{18}

7.3K 1K 201
                                    

"ဘာလို့ စာရင်းတွေက လွဲနေရတာလဲ..?"

စာရင်းစာအုပ်ကို စားပွဲပေါ်သို့ပစ်တင်ရင်း ကင်မ်သခင်ကြီးရဲ့ ဒေါသသံက စာကြည့်ခန်းထဲမှာ အနည်းငယ်ကျယ်လောင်လို့နေ၏။

"တောင်းပန်ပါတယ် ကျွန်တော် ညံ့ဖျင်းမှုကြောင့်ပါ.."

ခေါင်းငုံ့ချကာ တောင်းပန်နေသည့် ဂျီဟွမ်ကြောင့် သက်ပြင်းကိုသာ လေးတွဲ့စွာချမိရသည်။ကင်မ်ဂျီဟွမ်ဆိုတာ ငယ်ငယ်တည်းက ကိုယ် ပျိုးထောင်လာရတဲ့ကလေးမို့ ဘာမဆို ကိုယ့်စကားအတိုင်း နားထောင်တက်သည်။
အမြဲတမ်း တိတိကျကျလုပ်တက်ကိုင်တက်တဲ့ သူ့ကို အစစအရာရာအားကိုးလို့ရသည်မို့ လုပ်ငန်းပိုင်းမှာလည်း ယုံကြည်စွာလွှတ်ထားခဲ့တာ။အမြဲတမ်းလည်း အထိခိုက်နည်းကာ မှန်ကန်ခဲ့တာချည်း။အခုတော့ဒီတစ်ခေါက် ဘယ်ကနေဘယ်လိုစပြီး လွဲချော်တယ်မသိ။ကုန်ပစ္စည်းအရေအတွက်မှားယွင်းစွာထုတ်မိပြီး အနည်းငယ် ပြဿနာတက်ခဲ့လေ၏။

"အခု ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့တွေးထားလဲ..."

"ကျွန်တော် စီစဉ်နေပါတယ်....ဦးလေး စိတ်မပျက်စေရပါဘူး.."

"ငါ မင်းကို ယုံပါတယ်.....လူဆိုတာ အမှားလုပ်တက်ကြတာပဲမို့ ဘာမှသိပ်မပြောလိုဘူး....ပြီးတော့ ဒီလုပ်ငန်းတွေအားလုံးကို ဆက်ခံသူက ထယ်ယောင်းဆိုပေမယ့် မင်းပဲ ဦးစီးရမှာ....."

"ဗျာ....အဲ့ဒါက ဘာကိုပြောတာလဲ ဦးလေး..."

ဂျီဟွမ် တကယ်ပင် နားမလည်သည်မို့ ပြန်မေးမိတာ့...

"သူအသက်ပြည့်တဲ့အခါ မင်းတို့ နှစ်ယောက်ကို လက်ထပ်ပေးဖို့ စီစဉ်ထားတယ်...ဒါကြောင့် ဒီလုပ်ငန်းပိုင်းကို အခုတည်းက မင်း သေချာကျွမ်းကျင်နေမှဖြစ်မယ်..."

ဦးလေးရဲ့စကားကြောင့် ဝမ်းသာမိသွားရသူက ဂျီဟွမ်ပါပဲ။အချိန်တန်ရင် ထယ်ယောင်းကို ပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်ကြောင့် ပျော်နေမိ၏။ကြွေရုပ်ငယ်လေးကို ပိုင်ဆိုင်ရမယ့်သူက ကျွန်တော်တဲ့လေ။ဒါပေမယ့် ကိုယ့်အပေါ်မှာ ခါးသီးနေတဲ့ မျက်နှာလေးကို မြင်ယောင်မိတော့ မျှော်လင့်ချက်တို့က မီးကိုရေနဲ့ငြှိမ်းလိုက်သလို တစ်ခနအတွင်း ကွယ်ပျောက်သွားလေ၏။

The Alpha Zone (Completed)Where stories live. Discover now