{27}

7.3K 1K 182
                                    

"မင်း ဘာတွေလျှောက်လုပ်နေတာလဲ ဂျွန်ဂျောင်ဂု..."

သခင်ကြီးဂျွန်ဟာ အလွန်တရာစိတ်ဆိုးနေသောမျက်နှာထားနဲ့ သူ၏ သားဖြစ်သူအား ဆူပူလို့နေသည်။
ယခုကဲ့သို့ စိတ်ဆိုးရတဲ့ အ‌ကြောင်းရင်းက ယနေ့သတင်းစာရဲ့ ခေါင်းစည်းပိုင်းမှာ ပါလာသည့် သတင်းကြောင့်ပဲဖြစ်၏။သတင်းထောက်တို့ရဲ့ ထုံးစံအတိုင်း အရှိထက်ပိုကာ ချဲ့ကားရေးထားသောကြောင့် အခုလို အထင်လွဲစရာကိစ္စများဖြစ်လာခြင်းပင်။

"ပြောလေ....သူတို့ရေးထားတာ တကယ်ပဲလား....မင်း ရည်းစားထားနေတာလား.?"

ဂျောင်ဂု ပြန်မဖြေမိ။
ရည်းစားထားတာမှန်ပေမယ့် အခုလိုအခြေနေမှာ ထုတ်ပြောဖို့ မလွယ်ကူသေးဘူးလေ။သတင်းစာထဲမှာရေးသားထားကြတာက တော်ဝင်စံအိမ်မှ မင်းသားငယ်၏ လျှို့ဝှက်သော တစ်စုံတစ်ယောက်တဲ့။ဒါကြောင့်  ချစ်သူရည်းစားများလားဟူ၍ ထင်ကြေးပေးကာ ပြောဆိုထားသည်မှာ အွန်လိုင်းမှာရော၊သတင်းထဲမှာပါ ပျံ့နှံ့လို့နေတာ။
ဘယ်လောက်တောင်လှတဲ့ Omega မို့ ဖုံးကွယ်ထားရသလဲဆိုတဲ့မေးခွန်းတွေရော....
ထယ်ယောင်းကို သူဖွက်ထားတယ်ဆိုတာ အထိပါ အဖေမသိလို့။အဲ့ဒါသာသိရင် ပြဿနာကရှင်းလို့နိုင်တော့မှာမဟုတ်ဘူး။

"တစ်ခုခုပြောစမ်းပါ.....သူတို့ရေးထားသလို မင်းမှာလျှို့ဝှက်ချစ်သူရှိနေတယ်ဆိုတာ ဟုတ်လား..."

"မဟုတ်ပါဘူး.."

"ဒါဆ်ို ပုံထဲက ဘယ်သူလဲ..."

အဖေ က သတင်းစာ‌ပေါ်ကို လက်ညိုးထောက်ကာ ပြလာသည့် နေရာတွင် ထယ်ယောင်းကို ပွေ့ချီကာ ဆေးရုံကားဆီခေါ်သွားနေသည့် ဂျောင်ဂုပုံရိပ်က အထင်းသား။
ကံကောင်းတာတစ်ခုက ထယ်ယောင်းကို အင်္ကျီနဲ့မျက်နှာကာပြီးမှ ချီခဲ့တာကြောင့် ဘယ်သူမှန်းသူတို့ သေချာမသိကြတာပင်။သို့သော် တစ်စွန်းတစ်စထွက်နေသည့် ရွှေအိုရောင်ဆံပင်လေးများကတော့ လုံအောင်မဖုံးနိုင်ခဲ့။
ဒါကြောင့် လက်ရှိမှာ ဒီသတင်းက အမျိုးမျိုး ခန့်မှန်းပြီးပြောလို့ရနေသော သတင်းတစ်ပုဒ်အဖြစ် နေရာယူနေတာ။

"သူက သူငယ်ချင်းပါ....ကျွန်တော့်သူငယ်ချင်း.."

"သူငယ်ချင်းဆိုလည်း ဘာလို့ ဒီလိုပုံတွေအထိထွက်လာတာလဲ...သူကရော အခုဘယ်မှာလဲ...ဒီသတင်းတွေတက်နေတာမသိဘူးလား.."

The Alpha Zone (Completed)Where stories live. Discover now