{22}

8.1K 1.2K 255
                                    

အိပ်ရေးဝဝအိပ်ခဲ့ရသဖြင့် လန်းဆန်းနေသော စိတ်တို့ဖြင့် ထယ်ယောင်းနိုးထလာခဲ့သည်။ခန္ဓာကိုယ်က အားနည်းနေသေးပေမယ့် စိတ်ထဲမှာ အရင်လို ခံစားချက်မျိုးကို အရမ်းကြီးမခံစားရ။
နှာခေါင်းဝမှာ ခပ်သင်းသင်းရနေတဲ့ စန္ဒကူးအနံ့တို့ကို သဘောကျစွာရှုနေမိရင်း ရုတ်တရက်သတိရသွားမိတာက ဂျောင်ဂုကို ကျွန်တော်ခေါ်မိခဲ့သည့် ကိစ္စ။
ဒါဆို သူ ငါ့ရဲ့ ပုံစံအမှန်ကို သိသွားပြီပေါ့။

ထိတ်ခနဲဖြစ်သွားရခြင်းနဲ့အတူတူ အိပ်ယာထက်ကနေ ထထိုင်မိတော့ တစ်ခါမှ မမြင်ဖူးတဲ့ နေရာသစ်မို့ လူက မျက်လုံးကြောင်နေမိသည်။
ကစားကွင်းမှာ ဂျောင်ဂုလာခေါ်ပြီးနောက်ပိုင်း ထယ်ယောင်းရဲ့ ခေါင်းထဲကမှတ်ဉာဏ်တွေမရေရာ။
ဒီအိမ်ကို ဘယ်လိုရောက်ခဲ့တာလဲ။
သူတို့ဘာတွေဖြစ်ခဲ့ကြသေးလဲ။

မရမက အတင်းတွေးတော့ နမ်းရှိုက်နေကြတဲ့သူတို့နှစ်ယောက်။
ထယ်ယောင်းက အရင် သူ့ကိုဆွဲဆောင်ခဲ့တာတွေကအစ မှတ်မိသွားရပြီး မျက်နှာကပူခနဲ။အဲ့ဒီနောက်မှာရော..?

ကိုယ်ပေါ်က အင်္ကျီတွေကလည်း ထယ်ယောင်းရဲ့ အင်္ကျီမဟုတ်ပဲ ပိုးသားညအိပ်ဝတ်စုံနဲ့ဖြစ်နေသည်။
လည်ဂုတ်ကို ပွတ်လိုက်စဉ် Gland ဆီမှ စပ်ဖျင်းဖျင်းနာကျင်မှုကို ခံစားမိတော့ ထယ်ယောင်းခေါင်းတွေ ထူပူသွားရ၏။
သူ ငါ့ကို mark လိုက်တာလား။
ငါ့ရဲ့ mate လည်း မဟုတ်ပဲ ငါ့ရဲ့ ဆန္ဒမပါပဲနဲ့ သူ ဒါကို လုပ်ခဲ့တာလား။ဒါမျိုးက အချင်းချင်း သဘောကျနေတဲ့သူတွေကသာလျှင် လုပ်လေ့ရှိကြတာမဟုတ်လား။
ပြီးတော့ သူတို့တွေ ဘယ်အဆင့်ထိ သွားလိုက်ကြတာလဲ?

အဖြေတို့ ရေရေရာရာသိရဖို့ ခုတင်ကနေအားယူဆင်းလိုက်စဉ် အားနည်းနေသည့်ခြေထောက်တို့က ယိုင်ခနဲ။
ဒါပေမယ့် ကြမ်းပြင်ပေါ်လဲမကျသွားခဲ့ပါ။
တစ်စုံတစ်ယောက်က ဖမ်းထားပေးတာမို့ မော့ကြည့်လိုက်တော့ ဂျောင်ဂုဖြစ်နေ၏။

"ဘာလို့ ထလာတာလဲ....မင်း ခန္ဓာကိုယ်က အားနည်းနေသေးတယ်လေ.."

ထယ်ယောင်း အတက်နိုင်ဆုံး Pheromones တွေကို ထိန်းချုပ်နေပေမယ့် ထိန်းချုပ်လို့မရ။
Heat ကာလမို့ စိတ်ရှိတိုင်း ထိန်းချုပ်ဖို့ခက်ခဲလို့နေသည်။

The Alpha Zone (Completed)Where stories live. Discover now