{ 73 }

4.3K 624 107
                                    

"ဖေဖေ.....ဒယ်ဒီ..!!"

ဒီနေ့တော့ ခရီးကနေပြန်ရောက်လာမယ့် သားကို ကျောင်းမှာ လာစောင့်နေကြတာဖြစ်၏။
ကားပေါ်က ဆင်းလာသည့် သားက သူတို့နှစ်ယောက်လုံးကို မြင်တာနဲ့ ကားပေါ်ကနေ ဆင်းကာ လုံး‌နေအောင်ပြေးလာတော့သည်။
ဂျောင်ဂုကတော့ မူကြိုဆရာမထံမှ သားရဲ့ပစ္စည်းတွေကို ယူပြီးကားပေါ်သို့ တင်နေ၏။
ပြေးလာသည့် သားကို ထယ်ယောင်း ချက်ချင်းပင် ဆီးကြိုကာ ပွေ့ချီထားလိုက်ရင်း...

"ဖြေးဖြေးလာပါ ဗြောရဲ့.....ကဲ ဖေဖေ့ ဗြောလေး ခရီးမှာ ပျော်ခဲ့ရဲ့လား..."

"အားကြီး အားကြီး ပျော်တယ် ဖေဖေ.....ဒါပေမယ့်..."

ဗြောက စကားကို ရပ်လိုက်တာမို့ ထယ်ယောင်း ဆက်မေးလိုက်တော့...

"ဒါပေမယ့် ဘာဖြစ်တုန်း သားရဲ့..."

"ဖေဖေ တို့နဲ့တူတူသွားရရင် ပိုပြီးပျော်ဖို့ကောင်းမှာလို့ တွေးမိခဲ့လို့ပါ...."

"အာရီးဂူး.....အလိမ္မာလေးရယ်...ဖေဖေတို့နဲ့လည်း နောက်တစ်ခါ ထပ်သွားလို့ရတာပဲ....အခုတော့ သားပျော်လာတယ်ဆိုရင်ပဲ ဖေဖေကကျေနပ်ပြီ..."

သားရဲ့ နှာခေါင်းလုံးလေးကို တို့ထိပြီးဖြေတော့ ပါးချိုင့်ပိစိလေးပေါ်သည်အထိ ရယ်ပြကာ...

"ဒါနဲ့ ဖေဖေနေမကောင်းဘူးလို့ ဒယ်ဒီပြောပြတယ်....အခုရော ကောင်းသွားပြီလားဟင်..."

"ဖေဖေ ကောင်းသွားပါပြီ....ဒါကြောင့် သားက စိတ်မပူနဲ့တော့.."

"ကဲ ဒီသားအဖတွေ စကားကောင်းနေကြတာပေါ့.....သားရဲ့ပစ္စည်းတွေ တင်ပြီးပြီမို့ သွားကြရအောင်...."

"ဒယ်ဒီ..."

ဂျောင်ဂု အနားသို့ရောက်လာတော့ သားက သူ့အဖေကို လက်ကမ်းပေးသည်မို့ ဂျောင်ဂုက တစ်လှည့်ပွေ့ချီလေ၏။

"ဒယ်ဒီကိုလည်း သတိရနေတာ..."

"ဒယ်ဒီကလည်း သတိရပါ့ဗျာ....‌ဗြောလေးရဲ့ စကားကို နားထောင်ပြီး ဖေဖေ နေကောင်းအောင်လည်း ဂရုစိုက်ထားပါတယ်ဗျ..."

"အဲ့ဒါဆို သား ဒယ်ဒီကို နမ်းမယ်...ပြွတ်စ်!"

ဂျောင်ဂုပါးကို သားက သူ၏ နှုတ်ခမ်းလုံးလုံးလေးများဖြင့် အသံမြည်သည်အထိ ဖိကပ်နမ်းလေ၏။ဂျောင်ဂုက အံ့အားသင့်နေတော့ ဗြောက ဆက်ပြောလာသည်မှာ..

The Alpha Zone (Completed)Where stories live. Discover now