{ 52 }

5.3K 810 72
                                    


"ဘယ်လို!ထယ်ယောင်းကို ပြန်ရှာတွေ့ပြီလား...ဘယ်မှာလဲ...သူအဆင်ပြေရဲ့လား..."

ခရီးကပြန်ရောက်လာပြီဖြစ်တဲ့ ယောက်ဖဖြစ်သူနဲ့ စကားစမြည်ပြောနေရင်းကနေ ထယ်ယောင်းကို ပြန်ရှာ‌တွေ့ပြီဖြစ်ကြောင်း ပြောလ်ိုက်တာ....
ဒါကို အလန့်တကြား ထယ်ယောင်းရဲ့နာမည်ကို ရေရွတ်လျက် မေးခွန်း‌တွေအား ဆက်တိုက် မေးတော့သည်။
အေးလေ....သူက ထယ်ယောင်းရဲ့မိသားစုဝင်ဖြစ်ခဲ့ဖူးတာမို့ သံယောဇဉ်တော့ရှိမှာပေါ့။
ကံတရားက အတော်လေးဆန်းကြယ်တယ်။
ထယ်ယောင်း တစ်ချိန်က အမြင်မကြည်ဖူးခဲ့တဲ့ မွေးစားအစ်ကိုဆိုသူက လက်ရှိမှာ ကျွန်တော့်ယောက်ဖဖြစ်နေရတယ်လို့။
ထယ်ယောင်းအတွက် မကြည်ဖြူတဲ့သူလည်း ဖြစ်သလို၊ထယ်ယောင်းနဲ့ပက်သက်ပြီး ကိုယ်ပါ စိတ်ထင့်ခဲ့ရတဲ့သူ ဆိုပေမယ့် ကျွန်တော့်အတွက်ကျ အစ်မဖြစ်သူရဲ့ ခင်ပွန်းဖြစ်နေတာမို့ အနည်းငယ်စိတ်ခုစရာတွေရှိနေလည်း ကောင်းကောင်းမွန်မွန်ပဲ ပြောဆိုဆက်ဆံမိသည်။

"သူ အဆင်ပြေပါတယ်....ကောင်းကောင်းနေထိုင်နေတယ်..."

"တော်သေးတာပေါ့....တကယ်တော်သေးတယ်..."

"ဒါနဲ့ ကျွန်တော် တစ်ခုလောက်မေးလို့ရမလား....."

"ဘာများလဲ...?"

"ကျွန်တော်နဲ့ထယ်ယောင်း ပက်သက်မှုကို အစ်ကိုလည်း သိထားမှာပါ.....ဒါပေမယ့် အစ်ကို့အပေါ်မှာ ထယ်ယောင်းကဘာလို့ အမြင်မကြည်ဖြစ်နေခဲ့လဲဆိုတာ ကျွန်တော်သိလို့ရမလား.."

"ထယ်ယောင်းက ကလေးစိတ်နဲ့ မုန်းနေတာပါ...သူ့အဖေက အစ်ကို့အပေါ်မှာ အလေးပေးဂရုစိုက်တော့ သူက အမြင်မကြည်ဖြစ်နေတာ...သူက သားအရင်းမဟုတ်လား....အစ်ကိုကတော့ ခွင့်လွှတ်ပါတယ်..."

"ဪ...အဲ့ဒီလိုကိုး.."

ဂျောင်ဂုရဲ့မေးခွန်းက ဂျီဟွမ့်အတွက် ဖြေဖို့ခက်ခဲတဲ့ မေးခွန်းတစ်ခုပါပဲ။ဒါကြောင့် ရှောင်ဖယ်ပြီး ပြောပြမလိုက်တယ်။
ထယ်ယောင်း သူ့ကို ဘာလို့အမြင်မကြည်ရသလဲဆိုတဲ့ ကိစ္စက်ို ဂျောင်ဂုသိသွားခဲ့ရင် အမြင်မကြည်ဖြစ်နိုင်တယ်။ဒါကို ပေးသ်ိလို့မဖြစ်ဘူး။အခုလက်ရှိ စီးပွားရေးက ဂျောင်ဂုကူညီပေးထားတာမို့ ရပ်တည်နေနိုင်တာ။ဒါကြောင့် ဂျောင်ဂု အမြင်မကြည်တဲ့ ကိစ္စတွေကို မလုပ်ချင်ဘူး။

The Alpha Zone (Completed)Where stories live. Discover now