{9}

7.4K 1K 100
                                    

ဒီနေ့ မနက် ပုံမှန်ထနေကြအချိန်ထက် ထယ်ယောင်းတစ်‌ယောက် အတော်လေးနောက်ကျမှ နိုးလာသည်။‌
နေရာသစ်မို့ပဲလား မပြောတက်။ညတုန်းက တော်တော်နဲ့အိပ်မပျော်။ပြီးတော့ ဖယောင်းတိုင်ခွက်ကလေးတွေကိုလည်း မထွန်းဖြစ်ခဲ့သည်မို့ ထယ်ယောင်း အိပ်မရခြင်းပင်။မထွန်းဖြစ်သည်က အခန်းဖော်က ဂျောင်ဂုဖြစ်နေတာမို့ အဆင်ပြေလားကို မမေးကြည့်ချင်၍ မထွန်းဖြစ်ခဲ့တာပါ။
အခုလည်း သူကသာ အခုမှနိုးလာပေမယ့် တစ်ဖက်ခုတင်ပေါ်မှာတော့ ဂျောင်ဂုရှိမနေ။ကြည့်ရတာ ကျောင်းသွားပြီနေမှာပေါ့။အံဆွဲထဲက ပလာစတာတစ်ခုကိုယူ၍ အင်္ကျီအိတ်ထဲထည့်ကာ မျက်နှာသစ်ရန်ပြင်ဆင်မိသည်။မျက်နှာသုတ်ပုဝါကို လည်ပင်း၌ပတ်ပြီး ရှေ့ဆံပင်တွေ ရေမစိုရန်အတွက် ခေါင်းပါတ်အဖြူရောင်နဲ့လှန်တင်လိုက်ကာ ရေချိုးခန်းထဲဝင်ဖို့ လောနေမိတုန်း အထဲကထွက်လာသည့် ဂျောင်ဂုနဲ့သူ့နဖူးမိတ်ဆက်သွားတာ ဒုတ်ခနဲ...။

"အာ့.."

မော့ကြည့်လိုက်တော့ အပေါ်ပိုင်းဗလာနဲ့ ဂျောင်ဂု။
ဒီကောင်က Alpha ပီပီ ခန္ဓာကိုယ်ကအရွယ်နဲ့မလိုက်တောင့်လွန်းလိုက်တာ...
သူ့ရင်အုပ်နဲ့ဝင်တိုက်ခံလိုက်ရတဲ့ နဖူးဟာရဲသွားပြီလားတောင် မပြောတက်။
သူကတော့ နဖူးကိုအုပ်ကိုင်ထားသည့် ကျွန်တော့်အား မျက်ခုံးကျုံ့ကာကြည့်ရင်း...

"သတိထားပြီး ရှေ့ကိုကြည့်လေ..."

"မင်း မရှိဘူးထင်လို့ပေါ့.."

"ပြောလိုက်ရင် ဆင်ခြေချည်းပဲ...."

ခေါင်းကိုရေသုတ်ရင်း ပွစိပွစိပြောသွားတဲ့ထိုကောင်ကို ပြန်ပြောချင်ပေမယ့် ကျောင်းချိန်ကနီးနေပြီမို့ လျစ်လျုသာရှုပစ်လိုက်သည်။
မကျေနပ်ကြောင်းကိုတော့ တံခါးကိုဆောင့်ပိတ်ရင်း သက်သေပြလိုက်၏။
Alpha အရူးကောင်.....။

မှန်ထဲကိုကြည့်မိတော့ ကိုယ့် နဖူးပြင်ဟာ ခပ်ရဲရဲ။အဲ့ဒီ‌ကောင်ရဲ့အသားက ရိုးရိုးအသားမဟုတ်ပဲ ကျောက်ခဲနဲ့များလုပ်ထားတာလားမသိ။အရှိန်မပါတာတောင် နဖူးက နီရဲသွားပုံထောက်တာကိုပဲကြည့်။ဒီကောင် လူသားတော့မဖြစ်နိုင်ဘူး။
မကျေမနပ်နဲ့တွေးရင်း သွားတိုက်၊မျက်နှာသစ်တဲ့ကိစ္စကို ခပ်မြန်မြန်လုပ်ရတော့သည်။

The Alpha Zone (Completed)Where stories live. Discover now