{ 49 }

5.3K 840 68
                                    

"ဒေါက် ဒေါက် ဒေါက်...."

"ဟုတ်ကဲ့...ဘယ်သူလဲ..?"

"ကျွန်မပါ....လက်ထောက်လီက ဧည့်ခန်းမှာ ရောက်နေပါတယ်....မင်းသားလေးကို ပြောစရာရှိလို့ပါတဲ့.."

ဒီနေ့က ပိတ်ရက်ပဲကို ဘာကိစ္စများ ရှိလို့လဲဟု ခေတ္တတွေးမိပြီးနောက်....

"ကောင်းပါပြီ သူ့ကို ဒီအခန်းထဲ လွှတ်လိုက်ပါ..."

"ဟုတ်ကဲ့ပါ မင်းသားလေး...."

အိမ်အကူကောင်မလေး ထွက်သွားပြီးမကြာခင် ဂျောင်ဂုရဲ့ လက်ထောက်ဖြစ်တဲ့ကောင်လေး အခန်းထဲရောက်လာခဲ့သည်။

"ဘာကိစ္စများလဲ လက်ထောက်လီ...ဒီနေ့ကပိတ်ရက်ပဲကို ကြိုလည်းအကြောင်းမကြားပဲ..."

"ဟုတ်ကဲ့.....ကြိုပြီးမဆက်သွယ်လိုက်ရလို့ တောင်းပန်ပါတယ် ...ဒါပေမယ့် ဒီနေ့ပဲ မင်းသားလေး စုံစမ်းခိုင်းထားတဲ့ဟာ ရလာတာမို့ လာပေးတာပါ....မနက်ဖြန်မှ ပေးဖို့ တွေးထားပေမယ့် ကျွန်တော့်ကို စုံစမ်းခိုင်းတုန်းက အရမ်းအရေးကြီးတယ်လို့ ပြောတာကို မှတ်မိနေတာမို့ အခုလို ရရချင်း လာပေးလိုက်တာပါ...."

လက်ထောက်လီက စာအိတ်အဝါရောင် တစ်အိတ်အား ဂျောင်ဂုရဲ့ အလုပ်စားပွဲပေါ်သို့ တင်ပေးခဲ့သည်။ပိတ်ရက်ဆိုသည့်တိုင် ဂျောင်ဂုကတော့ မအားလပ်နိုင်ပဲ အလုပ်တွေကြား နစ်မြုပ်ကာ စာရင်းအချို့စစ်ဆေးနေရတာမို့ ထိုဖိုင်တွဲတွေထက်က တပည့်ဖြစ်သူ ပေးလာတဲ့ စာအိတ်ကို စိတ်လှုပ်ရှားစွာဖြင့် ကောက်ယူလိုက်၏။

"ဒါက တစ်ပါတ်ကြာမယ်လို့ သိထားတာ....အခု မြန်လှချည်လား.."

"ဟုတ်ကဲ့.....တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်သူငယ်ချင်းက မျိုးရိုးဗီဇစစ်ဆေးတဲ့ဌာနမှာ လုပ်နေတဲ့ သူဖြစ်နေတာမို့ သူ့ကို အကူညီတောင်းပြီး အမြန် စစ်ခိုင်းလိုက်တာပါ...."

"ဪ အဲ့ဒီလိုကိုး...ကောင်းပြီ တာဝန်ကျေပါတယ်....ပိတ်ရက်မှာ အလုပ်များသွားရပြီ...မင်းရဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ....ဪ ပြီးတော့ စုံစမ်းခိုင်းထားတဲ့ နောက်ကိစ္စတစ်ခုကိုလည်း သေချာအာရုံစိုက်ပေးပါဦး..."

The Alpha Zone (Completed)Where stories live. Discover now