{4}

7.7K 1.1K 82
                                    

အားကစားကွင်းထဲရောက်တဲ့အထိ  ဂျောင်ဂု စိတ်ထဲမကျေနပ်နိုင်ပါ။မိသားစုထဲမှာရော၊အပေါင်းသင်းကြားမှာပါ သူဟာအမြဲ အရေးပေးခံရသူမို့ ဒီလိုအပြောဆိုးဆိုးတွေကို ခံခဲ့ရသူမဟုတ်။
ထိုသို့ စကားနိုင်လုရမည်ဆိုလျှင်တောင် အားလုံးက သူ့ကိုသာ အရေးပေးကြမယ့်သူတွေချည်းပဲမို့ အသာစီးရရင်လည်း သူပဲရတက်သည်။
အခုတော့ ဟိုမျက်လုံးပြာနဲ့ကောင်က ပြောသွားလိုက်တာများ လူကို မှိုချိုးမျှစ်ချိုးပါပင်။
ဘယ်လို Alpha ကောင်ကများ ဒီလောက်ထိစွာနေရသလဲ။တစ်ခါပြောခံရတိုင်း ကိုယ့် နှုတ်ကလည်းအာစေးမိသလို စကားတွေက ပေါပေါသီသီထွက်မလာတာကိုလည်း စိတ်တိုရသည်။

ကိုယ့်ဟာကို ဒေါသထွက်စိတ်တိုနေရင်း  မိမိရှေ့နှစ်တန်းမြောက်မှာရပ်နေသည့် ကင်မ်ထယ်ယောင်းကို မြင်တော့ အနောက်ကနေ တစ်ခုခုလုပ်ပစ်ချင်စိတ်တွေပေါ်လာနေရသည်။
Alpha တွေရဲ့ ဗီဇအတိုင်း မိမိကသာ သူများအပေါ်လွှမ်းမိုးချင်စိတ်ရှိပြီး အခြားသူက မိမိအပေါ်လွှမ်းမိုးလာရင်မကြိုက်တက်ကြ။Dominant Alpha ဖြစ်တဲ့ ဂျောင်ဂုအတွက် ဒီလိုကိစ္စက အတော်လေးသည်းခံနိုင်ဖို့ မလွယ်ကူပါ။

"ကဲ ကဲ အားလုံးပဲ တိတ်တိတ်နေပြီး ဆရာပြောတာကို နားထောင်ကြ...ပထမဆုံး သွေးပူလေ့ကျင့်ခန်းအနေနဲ့တစ်ပါတ်‌ ပြေးကြမယ်.....ပြီးမှ မီတာတစ်ရာကို တစ်ယောက်ချင်းပြိုင်မယ်....ဒါက မင်းတို့ရဲ့ သက်လုံကို ပိုပြီးကောင်းအောင် လေ့ကျင့်ပေးတာဖြစ်တယ်....မင်းတို့အားလုံးဟာ Alpha တွေဖြစ်တာကြောင့် ခန္ဓာကိုယ်ကကြွက်သားတွေကို အမြဲသန်မာနေအောင် လေ့ကျင့်ပေးရမယ်....ဒီနေ့ကတော့ ပေါ့ပေါးပါးပါးပဲ လုပ်ကြမယ်.....ကဲ အားလုံး သွေးပူလေ့ကျင့်ခန်း အရင်ပြေးကြ..."

ဆရာ့ စကားအဆုံး ကျောင်းသားတွေအားလုံးဟာ ညီညာစွာပဲ ကွင်းတစ်ပါတ်စတင်၍ ပြေးကြသည်။
နီညိုရောင်အားကစားဝတ်စုံဆင်တူဝတ်ထားသည့် Alpha အမျိုးသားလူငယ်တွေ၏ လေ့ကျင့်ခန်းလုပ်ချိန်ကို စောင့်ကြည့်နေကြသည့် Omega တွေဟာလည်း ရင်တစ်ဖိုဖိုနဲ့ အကြည့်မလွှဲနိုင်အောင် ရှိနေကြ၏။
အဘယ်ကြောင့်ဆိုသော် ပေါင်အလယ်လောက်သာရှိသည့် ဘောင်းဘီတို အနက်ရောင်က Alpha အမျိုးသားတို့၏ ကျန်းမာသန်စွမ်းသော ကြွက်သားတွေကို လှစ်ဟပြထားသကဲ့သို့ ဖြစ်နေတာမို့ Omega တွေအားလုံးအတွက် မျက်စိအစာကျွေးချင်စရာပါပင်။

The Alpha Zone (Completed)Where stories live. Discover now