{10}

7.6K 1.1K 118
                                    

"ဒီက ညီလေး ခနလောက်....အစ်ကိုမေးစရာရှိလို့...."

ကျောင်းကပြန်လာသော ဂျောင်ဂု အဆောင်ထဲဝင်ခါနီးမှာ လှမ်းတားကာမေးလာသည့် လူတစ်ယောက်ကြောင့် ခြေလှမ်းတို့က တုံ့ခနဲရပ်သွားရသလို မလှမ်းမကမ်းကပါလာသော သက်တော်စောင့်နှစ်‌ယောက်ဟာလည်း ကျွန်တော့်နားအပြေးအလွှားရောက်လာကြ၏။

ဂျောင်ဂု သူတို့ကို လက်ကာပြလိုက်ပြီးနောက် ‌အရှေ့က လူကို ရိုရိုသေသေပဲပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ မေးပါ အစ်ကို.."

"ဒီအဆောင်မှာလေ ကင်မ်ထယ်ယောင်းလို့ခေါ်တဲ့ ကျောင်းသားကိုသိလားဟင်..."

"အာ...ဟုတ်ကဲ့ သိပါတယ်.....သူက ကျွန်တော့် အခန်းဖော်ပါ...."

ထယ်ယောင်းရဲ့ အခန်းဖော်ဆိုပြီးသိလိုက်ရတော့ ဂျီဟွမ်ဝမ်းသာသွားရသလို တစ်ဆက်တည်းမှာလည်း ရင်ထဲ၌ စိုးရိမ်စိတ်‌တွေကြီးစိုးသွားသည်။‌အခု မိမိရှေ့က ကောင်လေးဟာ သေချာပေါက် Alpha တစ်‌ ယောက်ရဲ့သွင်ပြင်ရှိပြီး ချောမောတဲ့ မျက်နှာအချိုးအစားဟာလည်း ကြည့်ကောင်းတာထက်ပိုတယ်။ပြီး‌တော့ ဒီကောင်လေးကို တစ်နေရာရာမှာမြင်ဖူး‌နေသလိုလို....

"ဟုတ်လား ဒါဆို အတော်ပဲ....အစ်ကို သူ့ကိုဖုန်းခေါ်နေပေမယ့် မကိုင်လို့လေ...ကိုယ်က သူ့ရဲ့ အစ်ကိုပါ....အထဲ‌ရောက်ရင် ထယ်ယောင်းကို တစ်ချက်လောက်ပြောပေးပါလား ညီလေး....သူ့မေမေက သူ့အတွက် မုန့်ပေးခိုင်းလိုက်လို့ပါ..."

"ကောင်းပါပြီ....ကျွန်တော် ပြောလိုက်ပါ့မယ်..."

"ဒါနဲ့လေ စိတ်တော့မရှိပါနဲ့....အစ်ကိုနဲ့ညီလေး ဆုံဖူးလားဟင်.....အစ်ကို မင်းကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲမို့...."

ဂျောင်ဂုအတွက် ဒီလိုမေးခွန်းမျိုးက သိပ်တော့ထူးဆန်းမနေ။တစ်နိုင်ငံလုံးက ဂျောင်ဂုကို TV မှာမြင်ဖူးနေကြမို့ အပြင်မှာဆုံတဲ့အခါ ထိုသို့အလားတူမေးတာမျိုး ခနခနကြုံဖူးသည်။
ထိုသို့သောလူတွေနဲ့ကွဲလွဲနေတာဆိုလို့ ကင်မ်ထယ်ယောင်းတစ်ယောက်တည်းသာ။

"ကျွန်တော်တို့မဆုံဖူးပါဘူး...အစ်ကို လူမှားနေတာဖြစ်ပါလိမ့်မယ်....ကျွန်တော့်ကို ခွင့်ပြုပါဦး...ထယ်ယောင်းကို ပြောလိုက်ပါ့မယ်"

The Alpha Zone (Completed)Where stories live. Discover now