{ 65 }

4.9K 688 75
                                    

မနက်ခြောက်နာရီထိုးတာနဲ့ထယ်ယောင်းရဲ့ အကျင့်ပါနေသော မျက်လုံး‌တို့က အလိုလိုပွင့်လာတော့သည်။
ပုံမှန်မနက်ခင်းတွေလိုပဲ နိုးနေကြအချိန်နိုးလာတာဆိုပေမယ့် မတူတာက ဂျောင်ဂုက မိမိကို သူ့ရင်ခွင်ထဲဆွဲဖက်ထားတာမို့ ထလို့မရ။
ပြီးတော့ ကျွန်တော်ညက ခေါင်းအုံးပေါ်အိပ်ခဲ့ပေမယ့် အခုကျ သူ့လက်မောင်းပေါ် အိပ်နေတာ။
သူကတော့ အိပ်ပျော်လို့နေဆဲပဲ။သူ့ နှာဖျားက အသက်ရှုလိုက်သည့် လေငွေ့နွေးနွေးကိုပင် ထယ်ယောင်းရဲ့ ဂုတ်ပိုးမှာ ခံစားမိသည်အထိ နီးကပ်လို့နေ၏။
ထချင်တာတောင် သူနိုးသွားမှာစိုးတာကြောင့် လှုပ်တောင်မလှုပ်ရဲ။

ဂျွန်ဂျောင်ဂုက အတော်ဆိုးသည်။
သူ့ခြေထောက်ကို ထိမိမှာစိုးလို့ အခန်းခွဲအိပ်မယ်ဆိုတာကို နားမထောင်ပဲ ပေတီးပေကပ်နဲ့တူတူအိပ်သည်။ကျွန်တော့်မှာဖြင့် သူ့ကို ထိခိုက်မှာစိုးလို့ ခုတင်အကျယ်ကြီးမှာတောင် ခပ်ကျုံ့ကျုံ့လေးပဲ အိပ်ရတယ်။အခုလည်း လူက ထချင်နေပြီကို သူဖက်ထားတာကြောင့် ဘယ်လိုလုပ်ရမလဲ တွေးရင်း အကြံအိုက်နေရ၏။ပုံမှန်ဆို တစ်ယောက်တည်း အိပ်နေကြ ကျွန်တော်ကလည်း သူဖက်ထားတာတောင် နေသားကျစွာ တစ်ညလုံးအိပ်ပျော်နေတာပဲ။

အမှန်တိုင်း ဝန်ခံရရင် အခုပုံစံက သူတို့တွေ ဟိုးအရင် ချစ်ခါစ အချိန်တုန်းကလိုမျိုးပဲမို့ ထယ်ယောင်း ရင်ခုန်နေရသည်။
မနက်ခင်းတိုင်း ချစ်ရတဲ့ Alpha ရဲ့ ရင်ခွင်ထဲကနေ နိုးထလာရတဲ့ Omega တစ်ယောက်ရဲ့ အပျော်က ဘာနဲ့မှ မတူနိုင်ဘူးလေ။
သူ့လို Male Omega မျိုးကို တန်ဖိုးထား ချစ်ခင်ပေးမယ့် Alpha ရှိနေတာနဲ့ပင် ကံကောင်းလှပါပြီ။

ခန္ဓာကိုယ်ကို မသိမသာလူးလွန့်ရင်း သိုင်းဖက်ထားတဲ့သူ့လက်ကို အသာမကာ ဖယ်လိုက်တော့ ပိုတောင်ဆိုးသွားသေးသည်။
သူ့ဘက်ကိုဆွဲကာ ဖက်ထားလိုက်တာများ စောနကထက်တောင် ပိုမိုတင်းကျပ်လို့..

"ဟူး.....ဒိီကောင် အားကလည်း ကြီးလိုက်တာ...ငါ ဘယ်လိုထရတော့မှာလဲ..."

ထယ်ယောင်းဘာသာ တစ်ယောက်တည်း မကျေမနပ်ရေရွတ်မိတော့....

"ဘာ‌တွေ မကျေနပ်နေတာလဲ အချစ်လေး..."

The Alpha Zone (Completed)Where stories live. Discover now