{ 54 }

5.1K 759 69
                                    

"နိုးလာပြီလား ထယ်ယောင်း..."

မျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ ဂျောင်ဂုရဲ့ စိုးရိမ်နေသည့်အသံက နားထဲသို့ဝင်လာခဲ့သည်။
အခန်းအနေအထားကို ကြည့်မိခိုက် နေရာစိမ်းဆိုတာကိုတော့ ထယ်ယောင်းတပ်အပ်သိလိုက်သည်။ထထိုင်လိုက်တော့လည်း ဂျောင်ဂုက ဘေးကနေ လာကူပေး၏။

"ငါ ဘယ်ရောက်နေတာလဲ..?"

ထယ်ယောင်း သူ့ကို မေးလိုက်မိတော့ မဖြေပါ။ကောက်ခါငင်ခါဖြင့် ဆွဲဖက်လိုက်သည်မို့ လူက သူ့ရင်ခွင်ထဲမြုပ်သွားရတော့၏။

"ဂျောင်ဂု.."

"ခနလေးပါ....ဒီအတိုင်းလေးပဲ ငါမင်းကို ဖက်ထားချင်တယ်...."

ထယ်ယောင်း သူနဲ့ပြိုင်မငြင်းနိုင်သေး။
လူကသူ့ရင်ခွင်ထဲရောက်နေသည်မို့ လှုပ်မရပေမယ့် လှုပ်လို့ရတဲ့ မျက်လုံးအစုံကတော့ အခန်းထဲကို ဝေ့ကာကြည့်နေမိသည်။
အခန်းကအတော်လေးကျယ်ပြီး အိပ်ခန်းထဲမှာလည်း ပရိဘောဂ စုံလင်စွာ။
အဖြူရောင်လိုက်ကာတွေတပ်ထားသည်မို့ အလင်းရောင်ကောင်းကောင်းရနေပြီး နွေးထွေးလို့နေ၏။နောက်ပြီး ခပ်သင်းသင်းရနေတဲ့ သူ့ရဲ့ စန္ဒကူး Pheromones တွေ...
ဒါက ဘယ်နေရာလဲ...။

"မင်း အခု အဆင်ပြေရဲ့လား..."

သူ့စိတ်ကြိုက် ဖက်ထားပြီးတော့ ရင်ခွင်ထဲကနေဆွဲထုတ်ပြီး သူက ထယ်ယောင်းအား စိုးရိမ်တကြီး ငုံ့ကြည့်လျက်မေးနေပြန်တော့...

"ငါ ဘာမှမဖြစ်ဘူး...အခု ငါ ဘယ်ရောက်နေတာလဲ..?"

ဂျောင်ဂုက သက်ပြင်း တစ်ချက်ချကာ..

"ဒါ ငါ့ရဲ့ အိမ်အသစ်ပါ.....မနေ့ညက ဖြစ်ခဲ့တာတွေ မှတ်မိရဲ့လား...မင်း ရေထဲကျပြီး သတိမေ့သွားခဲ့တယ်....ပြီးတော့ သေချာ အနားယူလို့ရအောင် မနေ့ညကပဲ ဆေးရုံကနေ  အိမ်ကိုခေါ်လာခဲ့တာ..."

ဂျောင်ဂု ပြောတာကို ပြန်တွေးကြည့်တော့ သင်္ဘောပေါ်မှာ ဗြောကိုလိုက်ရှာရင်း ရေထဲသို့ ခြေချော်ကျသွားသည်ကို အမှတ်ရလာသည်။နောက်တော့ ရေထဲ၌ ဖေဖေနဲ့မေမေ့ကို တွေ့ပြီး ထယ်ယောင်းစိတ်တွေလွတ်သွားခဲ့တာပဲ။

"ဖေဖေ...မေမေ..."

သူ၏အဖေနဲ့အမေကိုခေါ်ရင်း နောက်ထပ်တစ်ဖန်မျက်ရည်ဝဲလာတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂု သူ့ရဲ့လက်နှစ်ဖက်ကို ဆွဲယူပြီး အသာယာအုပ်ကိုင်ထားလိုက်ကာ...

The Alpha Zone (Completed)Where stories live. Discover now