{ 69 }

4.3K 672 87
                                    

မူကြိုကျောင်းရဲ့ နေ့လည်စာစားချိန်မို့ ကလေးတွေအားလုံးက ကစားကွင်းထဲမှာ ဆော့ကစားလို့နေကြသည်။ဒန်းစီးနေတဲ့သူ၊လျှောစီးနေတဲ့သူ စသည်စသည်နဲ့အုပ်စုဖွဲ့၍ ပြေးလွှားဆော့ကစားနေကြပေမယ့် ထိုကလေးတွေထဲ ဟန်ဗြောလေး မပါ။
ဆေးရောင်ခြယ်ထားသည့် ခုံပုလေးပေါ်ထိုင်ရင်း ကာတွန်းစာအုပ်တစ်အုပ်အား ငြိမ်ငြိမ်လေး ထိုင်၍ ဖတ်လို့နေသည်။

"သူလေးက ဟန်ဗြောမလား.."

ထိုသို့ ကလေးတွေအားလုံးထဲ ငြိမ်ငြိမ်လေးထိုင်ကာနေသည့် ဟန်ဗြောကို လက်ညိုးထိုးကာဖြင့် မေးလာသည်က တော်ဝင်စံအိမ်မှ သခင်ကြီး ဂျွန်။
ဟန်ဗြောတို့ ဆရာမလည်းပဲ ရ်ိုသေစွာဖြင့်..

"ဟုတ်ပါတယ် သခင်ကြီးရှင့်....သူက ဟန်ဗြောလေးပါ....အရွယ်ငယ်ပေမယ့် သူက အရမ်းကို အေးပြီးလိမ္မာထက်မြက်တဲ့ ကလေးပါ....လက်ထဲမှာ စာအုပ်တစ်အုပ်ရှိတာနဲ့ ငြိမ်ငြိမ်လေး ထိုင်ဖတ်နေတော့တာပဲ..."

ဆရာမ၏ စကားကို နားထောင်ရင်း သခင်ကြီးကလွန်စွာ ကျေနပ်မိသည်။
ဒီကလေးက တော်မယ်၊ထက်မြက်မယ်ဆိုတာ သိပြီးသား။မျက်နှာလေးကြည့်ရုံနဲ့အားလုံးပေါ်နေတာလေ။
တကယ်ကို ဂျွန်ဂျောင်ဂုပေါက်စလေးကို မြင်နေရသလိုပါပဲ။
ဒီကလေးကို ‌ တွေ့ချင်လို့ ဖောင်ဒေးရှင်းအဖြစ် ထောက်ပံ့ပေးမယ်ဆိုသော အကြံဖြင့် သူတမင်ရောက်အောင်လာခဲ့တာ။ဂျောင်ဂုက ဘယ်လိုမှ ကလေးကို အိမ်ပြန်ခေါ်လာမယ့်ပုံမထင်။ဒါကြောင့် သူကပဲဖြစ်ဖြစ် ကလေးနဲ့ရင်းနှီးအောင် လုပ်ဖို့ ကြိုးစားမိတော့သည်။

"ဒါဆို ဆရာမ လုပ်စရာရှိတာ သွားလုပ်ပါ....မပြန်ခင် ဒီမှာ ခနနေပြီး ကလေးတွေကို ကြည့်ဦးမှာမို့..."

"ဟုတ်ကဲ့ ကောင်းပါပြီ သခင်ကြီး.....ကျွန်မတို့ကျောင်းကို ထောက်ပံ့ပေးတဲ့အတွက် နောက်ထပ်တစ်ခေါက် ကျေးဇူးတင်ပါတယ်...ဂရုစိုက်ပြီး ပြန်ပါနော်...."

ဆရာမ အနားကနေထွက်သွားမှ သူ့မြေးလေးထိုင်နေသည့် ခုံတန်းဆီသို့ ဝှီးချဲအား သက်တော်စောင့်ကို တွန်းစေလိုက်သည်။

"ငါ့မြေးနားထိ ပို့ပေးပြီးရင် မင်း ကားနားမှာ ပြန်စောင့်နေ..."

The Alpha Zone (Completed)Where stories live. Discover now