{ 41 }

6.2K 926 207
                                    

"အေး ကျေးဇူးပဲ ဟန်ဘင်း.....ငါကြည့်လိုက်မယ်..."

ဂျောင်ဂုဟာ လက်ထဲကဖုန်းကို ချလိုက်ပြီးနောက် Laptop အားဖွင့်ကာ ဟန်ဘင်းပို့လိုက်သည့် ပုံကို ကြည့်လိုက်မိ၏။ထိုပုံကို သေသေချာချာ အတည်ပြုပြီးနောက်မှာတော့ ထိုင်ခုံကို နောက်မှီထိုင်ကာတစ်စုံတစ်ခုအား လေးလေးနက်နက်တွေးတောလို့နေသည်။
ဟန်ဘင်းက သူ့ရဲ့ အသိမိတ်‌ဆွေတွေထဲက တစ်ယောက်ထံကနေ အတွင်းသတင်းစုံစမ်းရလာတာမို့ ဂျောင်ဂုကို ဖုန်းဖြင့် ဆက်သွယ်ခဲ့တာဖြစ်၏။

ကင်မ်ထယ်ယောင်းနဲ့ဂူချန်းဟိုက တရားရုံးမှာ လက်ထပ်ထားတဲ့ စာချုပ်ရှိပေမယ့် တရားဝင်စာရင်းသွင်းပြီး လက်ထက်မှတ်ပုံတင်ထားခြင်းမရှိဘူးတဲ့လေ။
သက်တမ်းအဖြစ် ငါးနှစ်တာလောက်ရှိနေပြီး ကလေးပါရှိနေတဲ့ အိမ်ထောင်တစ်ခုက တရားဝင်လက်ထပ်မှတ်ပုံတင်ထားခြင်းမရှိတာဟာ အတော်လေးထူးဆန်းတယ်မလား။

ချန်းဟိုရဲ့ မိသားစုအကြောင်းကို အကဲခတ်တော့လည်း ချန်းဟိုအား အမွေပြတ်စွန့်လွှတ်ထားတာ ကြာပြီဟုသိရ၏။ပုံထဲက ရုံးတက်လက်မှတ်ထိုးထားတဲ့ စာချုပ်ပေါ်ရှိ ခုနှစ်နဲ့နေ့စွဲကိုကြည့်တော့ ခန့်မှန်းခြေအရ ကျွန်တော့်အိမ်ကနေ ထယ်ယောင်းထွက်သွားတဲ့နောက်ပိုင်း ခြောက်လအကျော်လောက်မှာ။
ဒါဆို ဟန်ဗြော ဆိုတဲ့ကလေးက ချန်းဟိုသားမဖြစ်နိုင်။
တကယ်တမ်း ထယ်ယောင်းဟာ သူ့အိမ်မှာပဲ ခြောက်လကျော်လောက်ရှိ‌နေခဲ့တာ။
အိမ်ထွက်သွားပြီးနောက်ပိုင်း ချန်းဟိုနဲ့အိမ်ထောင်ကျခဲ့တယ်ဆိုရင်တောင် အခုစာချုပ်ပေါ်က နေ့စွဲနဲ့‌တိုက်ကြည့်ရင် အခုလက်ရှိအရွယ်ထက်ငယ်နေရမှာကို အတိအကျ ငါးနှစ်ဖြစ်နေတယ်ဆိုတာက လက်မထပ်ခင်တည်းက ဒီကိုယ်ဝန်ကို လွယ်ထားခဲ့ရတယ်ဆိုတဲ့သဘောပဲ မဟုတ်လား။

ဒါဆို အဲ့ဒီကလေးက ကျွန်တော့်ကလေးလား။
အတွေးနဲ့တင် ဂျောင်ဂုရင်ထဲ လှိုက်ခနဲ။
မသေချာသေးပေမယ့် ရှာဖွေမိသလောက်အချက်တွေတိုက်ကြည့်ရင် တကယ်ကို ကံကောင်းမှုတွေက ကျွန်တော့်ဆီပဲ ဦးတည်လို့နေသည်။

ဒီတော့ အချိန်ဆွဲနေလို့မဖြစ်။
ထယ်ယောင်းဆီသွားပြီး အကုန်ဖြေရှင်းရမည်။
.
.
.
.
.
.
.
.
.
.
အခန်းတစ်ခုရှေ့၌ ခြေစုံရပ်နေမိသည့် ဂျောင်ဂု။
သူအခုရောက်နေတဲ့နေရာက ထယ်ယောင်းတို့နေသည့် တိုက်ခန်းရှေ့ကိုပါ။ဒီကိုမလာခင် ဟန်ဗြောရဲ့ ကျောင်းသားကိုယ်ရေးမှတ်တမ်းကို မူကြိုဆရာမဆီက‌နေ တောင်းယူခဲ့သည်။ဟန်ဗြောရဲ့ မွေးနေ့သက္ကရာဇ်ကို ကြည့်ပြီးချိန် ဒီကလေးဟာ ကျွန်တော့်သားမှန်း ပို၍ သေချာနေသည်။
သူတို့ လက်ထက်စာချုပ်ပေါ်က နေ့စွဲနဲ့ နှစ်လအကွာမှာ ဟန်ဗြောရဲ့မွေးနေ့ဆိုတော့ လက်ထပ်ပြီးတာနဲ့ကလေးတန်း‌ မွေးသွားသလိုဖြစ်နေတာမို့ ယုတ္တိမရှိတော့ဘူးလေ။

The Alpha Zone (Completed)Where stories live. Discover now