{19}

7.1K 1.1K 209
                                    

"ဒဏ်ရာက ပွန်းသွားရုံပါပဲ.....ပိုးသတ်ဆေးနဲ့အနာကျက်‌ဆေးလည်း လိမ်းထားပြီးပြီမို့ နောက်နှစ်ရက်လောက်နေရင် ပျောက်သွားမှာပါ.."

ကျောင်းရဲ့ဆေးခန်းမှ ဆရာဝန်ဖြစ်သူအစ်ကိုထယ်ဂျွန်းက ထယ်ယောင်းရဲ့လက်ကို ဆေးထည့်ပြီးနောက် ပါတ်တီးအုပ်ပေးရင်း မှာစရာရှိတာမှာသည်။

ထယ်ယောင်းအနေနဲ့ ဒီဒဏ်ရာလောက်ကို မမှုပါ။သူဟာ Omega ဆိုပေမယ့်လည်း အတော်သင့်သန်မာတဲ့သူပါ။
ဒါကို ဂျွန်ဂျောင်ဂုက မရမက ဆေးခန်းခေါ်လာတာဖြစ်၏။
မသွားဘူး အဆင်ပြေပါတယ်ဆိုလည်း ဂရုမစိုက်ပဲ ဇွတ်တရွတ်ခေါ်လာတာ။
အခုလည်း ခပ်လှမ်းလှမ်းကနေ ဆရာဝန်အစ်ကိုလုပ်သမျှကို ရပ်ကြည့်ရင်း ထိခိုက်မိတဲ့ကိုယ့်ထက်တောင် သူက မျက်နှာမကောင်းဖြစ်နေ၏။

"သူက မင်းရဲ့ သူငယ်ချင်းလား.."

"ဗျာ...ဟုတ်ကဲ့.."

အစ်ကိုထယ်ဂျွန်းက ထယ်ယောင်းရဲ့အကြည့်တွေဆီလိုက်ကြည့်ပြီး ‌မေးခွန်းထုတ်လာသည်။
လူနာခုတင်နဲ့ဂျောင်ဂု ရပ်နေသည့်နေရာက အတန်ငယ်ဝေးသည်မို့ ခပ်တိုးတိုး စကားအချို့ကို သူမကြားနိုင်။

"သူက မင်းကို အတော်ခင်ပုံပဲ....ပထမတစ်ခါတုန်းကလည်း မင်းကိုလိုက်ပို့ခဲ့တာ သူပဲမလား....အဲ့တုန်းကလည်း မင်းသတိမရခင်ထိ ခနခနကို လာကြည့်နေတာပဲ..."

"အာ....အဲ့ဒီလိုကိုး.."

"သူက မင်းရဲ့ ပုံစံအမှန်ကို သိထားလား..?"

"ဟင့်အင်း.....ဘာလို့ အဲ့လိုမေးတာလဲ"

ထယ်ယောင်းဘက်က ငြင်းပေမယ့် ထယ်ဂျွန်းကတော့ အဲ့လိုမထင်ပါ။မလှမ်းမကမ်းမှာရပ်နေတဲ့ ထိုကျောင်းသားက တော်ဝင်စံအိမ်က မင်းသားဆိုတာ ထယ်ဂျွန်းသိသည်။ပြီးတော့ အဲ့ဒီကောင်လေးရဲ့ အကြည့်တွေက ထယ်ယောင်းပေါ်မှာ သာမာန်ထက်လွန်ကဲနေတဲ့ ဂရုစိုက်ခြင်းတွေနဲ့ကြည့်နေခဲ့တာ။ဒဏ်ရာကအသေးဖွဲဆိုပေမယ့် ထိုကောင်လေးကတော့ မျက်စိမျက်နှာပျက်ရင်း စိုးရိမ်မှုတွေပိုနေတဲ့ မျက်လုံးတွေဖြင့် တစ်ချိန်လုံးရပ်ကြည့်နေတာ။

"ဘာရယ် မဟုတ်ပါဘူး....သူက တော်ဝင်မင်းသားမဟုတ်လား.....ပြီးတော့ DA တစ်ယောက်မို့ အာရုံခံနိုင်စွမ်းက သာမာန် Alpha တွေထက် ပိုမြင့်တယ်....သူသာမင်းကိုမိသွားရင် ပြဿနာတက်နိုင်တယ်....အဲ့လိုလူနဲ့ အနီးကပ်နေနေတာမို့ မင်းအတွက် သူက အန္တရာယ်များနိုင်တယ်လေ..."

The Alpha Zone (Completed)Where stories live. Discover now