{ 72 }

4.6K 654 79
                                    

Okမီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသည်က ဂျောင်ဂုရယ်ပါ။သူအခု တစ်ခုခုကို ကြိုးစားပမ်းစား ချက်ပြုတ်လို့နေသည်။မီးဖိုပေါ်မှာလည်း ပွက်ပွက်ဆူကာ အငွေ့တထောင်းထောင်းထနေသည့်အိုးတစ်လုံးရှိနေပြီး စားပွဲပေါ်မှာလည်း ချက်ပြုတ်ပြင်ဆင်ရာတွင် အသုံးပြုထားသည့် ပါဝင်ပစ္စည်းများ ပြန့်ကျဲလျက်ရှိသည်။
ဟုတ်သည်။Alpha ဂျောင်ဂု အလုပ်ရှုပ်နေသည့်အကြောင်းရင်းက နေမကောင်းဖြစ်နေသောသူ၏ကြင်ယာတော် Omega လေးကို အားရှိအောင် ကျွေးရန်အတွက် ချက်ပြုတ်ပြင်ဆင်နေခြင်းသာ။

သူတို့ အမှတ်အသားလုပ်ငန်းပြီးမြောက်ပြီးနောက်မှာလည်း ထိုအခန်းထဲမှာပင် သုံးရက်တိုင်တိုင် ဆက်၍ချစ်ခဲ့ကြ၏။Omega ရဲ့သဘောသဘာဝအတိုင်း Heat ကာလတွေမှာ အခြားအရာတွေထက် သူတို့ Alpha ရဲ့ Pheromones တွေကိုသာလိုအပ်ကြပြီး အာဟာရဖြစ်တာတွေမစားပဲ အရည်တစ်မျိုးတည်းသောက်ရုံမျှနဲ့ အားအင်တို့ မလျော့နိုင်ပါ။
ဒီသုံးရက်လုံးမှာ သူတို့နှစ်ယောက် စားခဲ့ကြသည်က ရေခဲသေတ္တာထဲရှိ နွားနို့ဘူးတွေပါပင်။

ပြီးပြည့်စုံတဲ့ Pheromones တွေနဲ့အတူ Knot လိုက်သည့် ကိစ္စပြီးမြောက်သွားပြီးနောက်တွင်လည်း
သူတို့ ထပ်၍ ပြီးမြောက်ခဲ့ကြသည့် အကြိမ်ပေါင်းဟာ မရေတွက်နိုင်အောင်ပဲမို့  ထယ်ယောင်းရဲ့ ခန္ဓာကိုယ်ထက်မှာ လက်ညိုးထိုးမလွဲရှိနေသည်က သူပြုလုပ်ထားသည့် ချစ်ခြင်းအမှတ်အသားတွေ။
အားရအောင် ချစ်ပြီးတော့မှ သူတို့နှစ်ယောက်လုံး မောပန်းကာခြေကုန်လက်ပန်းကျပြီး အိပ်ပျော်သွားခဲ့ကြတာ။ထိုသို့ အကြာကြီးအိပ်ပျော်နေရာကနေ ရင်ခွင်ထဲမှာ ခြစ်ဖြစ်တောက်ကိုယ်ပူနေသည့် အထိအတွေ့ကို ခံစားမိရာမှ  ဂျောင်ဂု အခုလို နိုးလာခဲ့ခြင်းသာဖြစ်၏။

အခုတော့ ဆန်ပြုတ်ပူပူလေးကိုလည်း ချက်ပြီးပြီမို့ သူ၏ကြင်ယာတော်လေးကို နှိုးရန်သွားရပေတော့မည်။
ထိုစဉ် ဖုန်းမြည်သံကြားလိုက်ရတာမို့ ကြည့်မိတော့ ဗြောလေးက vc ခေါ်နေတာဖြစ်၏။
ဂျောင်ဂု ကိုင်လိုက်တော့ screen ထက်မှာ သားရဲ့ မျက်နှာလုံးလုံးလေးက ပေါ်လာကာ..

"ဟဲလို ဒယ်ဒီ..."

"ဗြောလေး..."

"ဖေဖေ့ကို ဖုန်းဆက်တာ မကိုင်ဘူး ဒယ်ဒီ....အခု ဖေဖေနဲ့တူတူရှိနေတာလားဟင်..."

The Alpha Zone (Completed)Where stories live. Discover now