{ 59 }

4.9K 764 64
                                    

မှိန်ပျပျမီးရောင်အောက်မှာ သောက်သုံးသူအချို့နဲ့အရက်ဘား ကောင်တာက အသက်ဝင်လို့နေသည်။
ထိုသောက်သုံးနေသူတွေထဲ ချန်းဟိုတစ်ယောက်လည်း အပါအဝင်။အခြားသူတွေက ဘယ်လိုခံစားချက်မျိုးနဲ့သောက်ဖြစ်ကြသလဲတော့မသိ။ချန်းဟိုကတော့ ကွဲကြေနေတဲ့နှလုံးသားရဲ့နာကျင်မှုတွေကို ပျောက်လိုပျောက်ငြားပါ။

ထယ်ယောင်းနဲ့စကားများပြီးတည်းက အိမ်ကို မပြန်ဖြစ်ဘူး။
ကျွန်တော့်ကိုတွေ့ရင် ထယ်ယောင်းက သူထွက်သွားတော့မယ့် အကြောင်းကို အစဖော်မှာစိုးတယ်။
အလုပ်ကိုလည်း မသွားဖြစ်ပဲ အရူးရင့်နေတဲ့ ဒီကောင်က လုပ်စရာမရှိတော့ ထယ်ယောင်း အကြောင်းပဲတွေးနေမိတာ....
ဒီတော့ ဘားကိုလာပြီး ခါးသက်သက် ယမကာတွေနဲ့ရင်ထဲက ခါးသက်မှုတွေကို မျှောချနေမိတယ်။

ဖြစ်နိုင်ရင် လွန်ခဲ့တဲ့ငါးနှစ်ကို ပြန်သွားချင်သည်။ထယ်ယောင်းကို မတွယ်တာမိအောင် လျစ်လျူရှုကြည့်ချင်သည်။ဒါပေမယ့် သူလုပ်နိုင်မယ်မထင်။ညိုးငယ်နေတဲ့ မျက်နှာကလေးမြင်ရုံနဲ့ ကမ္ဘာပေါ်မှာရှိသမျှအရာရာကို ဖန်တီးပေးချင်မိတာ။ဒီငါးနှစ်လုံးလုံးမှာလည်း ထယ်ယောင်းရှိနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ဘာမဆို ကောင်းကောင်းလုပ်နိုင်ခဲ့တာ။အခုတော့ သူ့ကို စွန့်လွှတ်လိုက်ဖို့ သတ္တိမရှိတာကြောင့် စိတ်ရောကိုယ်ပါ နာကျင်နေရသည်။

တကယ်တော့ ကျွန်တော့်အနားမှာ ထယ်ယောင်းကို လွယ်လွယ်ကူကူထားနိုင်ခဲ့တာမဟုတ်ပါဘူး။

ထယ်ယောင်းက သိပ်ကို မာနကြီးတယ်။
ဂျောင်ဂုတို့အိမ်ကနေ ထွက်ပြေးလာတာကို ကျွန်တော်မသိခဲ့ရ။‌ကျောင်းကိုလည်း မလာပဲ အရင်လို ဖုန်းအဆက်သွယ်လည်းမလုပ်လို့ စုံစမ်းတော့မှ တော်ဝင်စံအိမ်မှာ မရှိတော့ဘူးဆိုတာကို သိလိုက်ရတာ။ဒီလိုနဲ့ အချိန်တော်တော်ကြာသွားခဲ့ပြီးနောက် ကိစ္စတစ်ခုကြောင့် ရောက်ခဲ့တဲ့ မြို့စွန်က ရပ်ကွက်တစ်ခုရဲ့ စတိုးဆိုင်ကလေးမှာ အချိန်ပိုင်းဝန်ထမ်းအဖြစ်နဲ့ ပြန်ဆုံခဲ့တာ။

"ထယ်ယောင်း...."

အံ့ဩစိတ်တစ်ဝက်၊ဝမ်းသာစိတ်တစ်ဝက်နဲ့ခေါ်လိုက်ပေမယ့် ထယ်ယောင်းက ကျွန်တော့်ကို ခပ်စိမ်းစိမ်းသာတုံ့ပြန်တယ်။

The Alpha Zone (Completed)Where stories live. Discover now