{12}

7.3K 1.1K 163
                                    

"ထယ်ယောင်း ဒီမှာ မင်းရဲ့ ကိုယ်ရေးအကျဉ်းကို ဖြည့်လိုက်.."

ကျောင်းသားရေးရာ အဖွဲ့ဝင်အသစ်အနေနဲ့ ဂျီအွန်းက စာရွက်တစ်ခုပေးကာ ကိုယ်ရေးအချက်လက်ဖြည့်ခိုင်းနေတာမို့ ထယ်ယောင်း ယူပြီး သေချာရေးနေတော့ ဘေးကနေ ရပ်ကြည့်နေလေ၏။
မွေးနေ့သက္ကရာဇ်ဖြည့်သည့်နေရာရောက်တော့ အထိတ်တလန့်ထအော်သည့် ဂျီအွန်းကြောင့် ထယ်ယောင်းအပါအဝင် ကျန်နှစ်ယောက်ပါလန့်သွားရ၏။

"ဟာ ထယ်ယောင်း....မင်းက ဒီဇင်ဘာ သုံးဆယ်မှာ မွေးတာလား?"

"အင်း ဟုတ်တယ်လေ....ဘာဖြစ်လို့လဲ..?"

"တိုက်ဆိုင်လိုက်တာ.....ဂျောင်ဂုရဲ့ မွေးနေ့ကလည်း ဒီဇင်ဘာသုံးဆယ်ပဲ..."

ဂျီအွန်း စကားကြောင့် ဂျောင်ဂုလည်း အံ့ဩသွားရသလို ထယ်ယောင်းနဲ့ဟန်ဘင်းလည်း ထိုသို့နည်းတူပါပင်။

"မင်းတို့နှစ်ယောက်လုံး Alpha ဖြစ်နေလို့ပေါ့....တစ်ယောက်ကသာ Omega ဆိုရင် မိတ်ဖက်တွေလို့တောင် ထင်ကြမှာ...."

ဂျီအွန်းက သဘောရိုးပြောပေမယ့် ထယ်ယောင်းကတော့ အနည်းငယ်စိတ်ထဲမလုံမလဲဖြစ်သွားရသည်။

"ပေါက်ကရတွေလျှောက်ပြောမနေနဲ့....မွေးနေ့တူတာများ သိပ်ထူးဆန်းနေတာလည်းမဟုတ်ပဲနဲ့..."

ဂျောင်ဂုက ကြားဝင်ပြောလိုက်တော့ ဂျီအွန်းက အနည်းငယ်စွေကြည့်သည်။ပြီးတော့ စကားနားထောင်လားဆိုတော့ နားမထောင်ပါ။ခပ်တည်တည်နဲ့လက်ပင်ပိုက်လိုက်သေးကာ ဆရာကြီးလို တွေးဆဆနဲ့ပြောလာသည်က...

"မင်းတို့နှစ်ယောက်သာ စုံတွဲဖြစ်ရင် အရမ်းလိုက်ဖက်မှာပဲ....ပြီး‌တော့ မင်းတို့နှစ်ယောက်ထဲမှာ တစ်ယောက်က Omega ဖြစ်ရမယ်ဆိုရင် ထယ်ယောင်းနဲ့ပဲပိုလိုက်တယ်....ထယ်ယောင်းက ချောလည်းချော ချစ်စရာလည်းကောင်းတော့ Omega လို့ ပြောရင်လည်း ယုံကြမှာပဲ..."

တစ်ဖက်က သဘောရိုးနဲ့ဆိုပေမယ့် ထယ်ယောင်းမှာ အနေရခက်စွာ နားထင်လေးကို လက်ညိုးဖြင့်ကုတ်နေမိ၏။ဒါကို တွေ့တဲ့ ဂျောင်ဂုမှာ မနေသာတော့ပဲ...

"ဟေ့ကောင် ဂိုဂျီအွန်း....ဘာလို့ပေါက်ကရတွေလျှောက်ပြောနေတာလဲ...သူများကို အားနာဖို့ကောင်းတယ်....မဟုတ်တာတွေလျှောက်ပြောမနေပဲ ကျောင်းသားရေးရာအခန်းကိုသန့်ရှင်းရေးလုပ်ဖို့သွားကြမယ်..."

The Alpha Zone (Completed)Where stories live. Discover now