{2}

8.4K 1.1K 122
                                    

ကျောင်းအုပ်ဆရာကြီး၏ ဩဝါဒကို နားထောင်ပြီးနောက် တက်ရောက်ရမည့် အခန်းတွေပါ တစ်ခါတည်းခွဲပေးတာမို့ ထယ်ယောင်းလည်း ကိုယ့်အခန်းကိုရှာဖို့ထွက်လာခဲ့သည်။

အခန်းကိုတွေ့ပြီမို့ လှမ်းဝင်ရင်း အကဲခတ်မိတော့ အတန်းထဲမှာ နှစ်ဆယ့်ငါးယောက်ခန့်ပဲရှိပေမယ့် တစ်စုံတစ်‌ယောက်ကိုထပ်တွေ့ရတော့ စိတ်ရှုပ်မိသား။
ဘယ်လိုရေစက်ကြောင့် ဒီရွှေမင်းသားကို နေရာတကာမြင်နေရတယ်မသိ။
အခုလည်း ဝင်လာတဲ့ကိုယ့်ကို လှမ်းကြည့်နေသည်မှာ ထိုင်ခုံပေါ်လက်ပိုက်ကာခြေချိတ်ထိုင်ရင်း ဟိတ်ဟန်အပြည့် အခန့်သားနဲ့....
ဒီ Alpha ကောင်က ကျောင်းမတက်ပဲနဲ့ရုပ်ရှင်မင်းသားလုပ်ရမှာ။

ထိုင်စရာနေရာကိုရှာလိုက်တော့ အနောက်ဆုံးတန်းမှာပဲကျန်နေသလို အဲ့ဒီကောင်ဘေးနားမှာမို့ မထိုင်ချင်သော်လည်း မတက်နိုင်‌တော့ပေ။
ရှိတဲ့နေရာပဲ ထိုင်ရမှာမို့ ခပ်တည်တည်ပဲ သူ့ဘေးကဖြတ်ကာ ခုံမှာဝင်ထိုင်လိုက်၏။
ဒါတောင် ထိုကောင် ကိုယ့်ကို လိုက်ကြည့်နေမှန်း အလိုလိုခံစားနေရသည်။

"ထပ်တွေ့ပြန်ပြီနော်..."

ခုံကိုခေါက်လာသည့် လက်တစ်ဖက်။
သေချာကြည့်တော့ ထိုလက်ခုံဖြူဖြူပေါ်မှာ ဆေးရောင်စုံတက်တူးအချို့ရှိနေ၏။
ထယ်ယောင်း ဆတ်ခနဲ သူ့ဘက်ကို လှည့်ကြည့်လိုက်တော့ ထိုတစ်ယောက်က သွားတန်းတွေပေါ်သည်အထိ ရယ်ပြလာရင်း...

"တွေ့ရတာ ဝမ်းသာပါတယ် ငါက ဂျွန်ဂျောင်ဂုပါ...မင်း နာမည်ကရော.."

စောနက တက်တူးတွေပါတဲ့ လက်ကိုရှေ့ကမ်းပေးလာရင်း သူ့ကိုယ်သူမိတ်ဆက်နေသည်။
အတန်းထဲကသူတွေရဲ့ မျက်လုံးတွေကလည်း ကျွန်တော်တို့နှစ်ယောက်ထံမှာပဲ အာရုံရောက်နေကြလေ၏။
Alpha အတန်းမို့ ယောင်္ကျားလေးတွေကပိုများပါသည်။

"ကင်မ်ထယ်ယောင်း..."

ပြောပြီးတာနဲ့ တစ်ဖက်သို့ပြန်လှည့်သွားတဲ့ ကောင်ကြောင့် ဂျောင်ဂုလက်တွေဟာ လေထဲမှာပဲ မျက်နှာငယ်နေရရှာသလို သူသည်လည်း စိတ်ထဲအောင့်သက်သက်နဲ့...
ကိုယ်ကလက်ကမ်းပေးမယ်ဆိုရင် ဆွဲကိုင်ချင်တဲ့သူတွေက တစ်ပုံကြီးပဲ။
ဒီကောင်ကျမှ ‌ယဉ်ကျေးမှုလည်းမရှိ နာမည်တစ်ခုပဲပြောပြီး ပြုမူဆက်ဆံပုံကလည်း ရိုင်းလိုက်တာ။
ဒါပေမယ့် အချေခံလိုက်ရကာ နင်သွားသည်မို့ အိတ်ထဲက ရေဘူးကို ထုတ်ယူနေတုန်းမှာပဲ ကြားလိုက်ရသည့် အသံ....

The Alpha Zone (Completed)Where stories live. Discover now