{ 47 }

5.2K 769 94
                                    

ဝါဖျော့ဖျော့မီးရောင်အောက်၌ အိပ်မောကျနေခဲ့သည့် ထယ်ယောင်း နံဘေးမှာ ချန်းဟိုရှိနေခဲ့သည်။
အိမ်ပြန်ပို့ပေးဖို့ ခေါ်လာခဲ့ပေမယ့် လမ်းတစ်ဝက်မှာမေ့မြောသွားခဲ့သည့် ထယ်ယောင်းကြောင့် ဆေးရုံကိုသာ ခေါ်လာခဲ့လိုက်ရ၏။
ဒီရောက်တော့ သိလိုက်ရသည်က ထယ်ယောင်းထံမှာ ကိုယ်ဝန်လေးပါတ်တဲ့လေ။
ကိုယ်ခံအားနည်းနေချိန် အရက်လည်းသောက်မိသွားတာ‌ကြောင့် မခံနိုင်ပဲ သတိလစ်သွားခဲ့တာမို့ သေချာဂရုစိုက်ဖို့နဲ့ ဆောင်ရန်ရှောင်ရန်တွေ မှာသွားခဲ့၏။

ဒါက ပျော်စရာကိစ္စဆိုပေမယ့် ချန်းဟိုမပျော်နိုင်။
ထယ်ယောင်းကို ဂျောင်ဂု ပိုင်ဆိုင်သွားပြီးနောက်ပိုင်း သူ့ဘဝက ပျော်စရာမဲ့သွားခဲ့တာ။
မပိုင်ဆိုင်ရပေမယ့်လည်း အနားရှိနေဖို့တော့ ကံပါလာတယ်တူပါရဲ့။‌တက္ကသိုလ်မှာထပ်ပြီး ဆုံခဲ့ကြချိန်မှာတော့ သူရောထယ်ယောင်းပါ ရင်းနှီးခဲ့ကြသည်။
ချစ်ဖို့မဖြစ်နိုင်ခဲ့ပေမယ့် နေ့တိုင်းသူ့ကိုငေးလို့၊သူ့အနားရှိတဲ့ အချိန်တိုင်းက ပျော်စရာကောင်းခဲ့ပြန်တာ။

ချန်းလို့ သူ ခေါ်တိုင်း ကျွန်တော်က ပျော်မိတယ်။
ကျွန်တော့်ကို ဘယ်သူကမှ နွေးနွေးထွေးထွေးမဆက်ဆံပေးကြပေမယ့် အားလုံးထဲက ထယ်ယောင်းကတော့ ကွဲပြားစွာနဲ့ ကျွန်တော့်ကို နွေးထွေးပေးခဲ့တယ်။ထယ်ယောင်းကို တွေ့တိုင်း ကျွန်တော့် အမေလိုပဲ နွေးထွေးမှုတွေကို ခံစားရတယ်။အမေကလည်း ကျွန်တော့်ကို ချန်းလေးလို့ ကြင်ကြင်နာနာခေါ်တက်တာ။

အခုတော့ သူက သူ့ကိုယ်ပိုင်မိသားစုဘဝကလေးကို တည်ဆောက်ဖို့ ဖြစ်လာပြီပေါ့။တစ်ယောက်တည်းတောင် ခက်ခဲပင်ပန်းပြီး နာကျင်နေရတဲ့ ထိုကောင်လေးက ကလေးနဲ့အတူတူဘယ်လိုများ တောင့်ခံ‌မတဲ့လဲ။
မင်း က သိပ်ကိုသန်မာပေမယ့် တခါတလေကျတော့လည်း သနားစရာကောင်းအောင် ရိုးအလွန်းတယ် ထယ်ယောင်းရယ်။

"ချန်း..."

အတွေးလွန်နေတုန်း ထယ်ယောင်းက နိုးလာပြီမို့ ချန်းဟို သူ့နားအသာလျှောက်သွားလိုက်ကာ...

"အော....နိုးလာပြီလား..."

"ငါ ဘယ်ရောက်နေတာလဲ..."

The Alpha Zone (Completed)Where stories live. Discover now