{ 53 }

5.2K 773 107
                                    

"ထယ်ယောင်းကိုရော ဟန်ဗြောကိုပါ ဘယ်သူမှမပေးနိုင်ဘူး..."

ဂူချန်းဟိုရဲ့ အသံက ခေါင်မိုးထပ်၌ ခပ်ပြတ်ပြတ်ပဲ ထွက်ပေါ်လာသည်။
အခုသူတို့က ဆေးရုံမှာ ရောက်နေကြတာ။‌ ထယ်ယောင်း မေ့မြောသွားခဲ့တာကြောင့် ဂျောင်ဂုက သင်္ဘောကို ကမ်းသို့ချက်ချင်းပြန်ကပ်ခိုင်းခဲ့ပြီး ဆေးရုံသို့ခေါ်လာခဲ့တာဖြစ်သည်။
ထိတ်လန့်ကာရှော့ခ်ရသွားပြီး အခုထိ သတိပြန်မလည်သေးတာကလွဲရင် ကျန်တာအကုန် အဆင်ပြေသည်။
အခု ဂျောင်ဂုဘက်က စကားပြောကြရအောင်လို့ ခေါ်တာမို့ နှစ်ယောက်သား မျက်နှာချင်းဆိုင် စကားပြောနေကြတာဖြစ်၏။

"ဘယ်သူ့ ခွင့်ပြုချက်နဲ့လဲ"

"ငါ့အမျိုးသားနဲ့ငါ့သားအတွက် ဘယ်သူ့ဆီကမှ ခွင့်ပြုချက်လိုမနေဘူး..."

"မင်း အတော်ရယ်ရတယ် ဂူချန်းဟို....မင်းနဲ့ထယ်ယောင်းက ဟန်ဆောင်လက်ထပ်ထားတယ်ဆိုတာ ငါသိသလို ဗြောကလည်း ငါ့သားဆိုတာ သိထားပြီးသားကို ဘာလို့ လိမ်ချင်နေရတာလဲ?"

ဂျောင်ဂုဘက်က ထိုသို့ပြောတော့လည်း တကယ်ပဲ ကျွန်တော့်မှာ ပြန်ပြောစရာတို့မရှိပါ။
ထယ်ယောင်းတို့သားအဖကို အစတည်းက ကျွန်တော်ပိုင်တာမဟုတ်ပေမယ့် လက်ရှိမှာ ကျွန်တော်က သူတို့ကို စောင့်ရှောက်နေတာလေ။သူတို့နှစ်‌ယောက်က  ကျွန်တော့်မိသားစု၊ကျွန်တော့်ဘဝပဲ။
ဒါဆို ကျွန်တော့်မှာလည်း ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးရှိတာပဲလေ။ဒါမှသာ တရားမျှတမှာပေါ့။

"ဘာပဲဖြစ်ဖြစ် ထယ်ယောင်းကို မင်းဆီ ပြန်မထည့်ပေးနိုင်ဘူး....ထယ်ယောင်း ခံစားခဲ့ရတာတွေကို မင်း ဘာများသိလို့လဲ....သူဘာလို့ ‌အခုလို သတိမေ့ရတာလဲ သိလား.....သူ့ မိဘတွေရဲ့ မတော်တဆမှု‌ကြောင့်ပဲ....မိဘတွေရဲ့ အလောင်းကို ရေထဲကနေဆယ်ယူလာပြီး သေဆုံးကြောင်းကို ကိုယ်တိုင်အတည်ပြုခဲ့ရလို့ ရေမြင်တိုင်း သူစိတ်ဖောက်တက်သွားတာ။ဗြောကိုလွယ်ထားချိန်မှာ‌ရော မင်း ဘာလုပ်‌နေခဲ့လဲ...ကိုယ်ဝန်ရှိနေတယ်ဆိုတာကို စစသိချင်း သူ မင်းကိုပြောပြဖို့ ‌ဖုန်းခေါ်ရင်း ပျော်နေခဲ့တဲ့ပုံစံကို ငါအခုထိ မှတ်မိနေတုန်းပဲ....သူ့ကို မင်း အရင် စွန့်ပစ်ခဲ့တာ မဟုတ်ဘူးလား...ဘာလို့ အခုမှ ပြန်လိုချင်နေရတာလဲ..."

The Alpha Zone (Completed)Where stories live. Discover now