{23}

7.9K 1.1K 238
                                    

"ဒေါ်လေး ထယ်ယောင်းက ဒီတစ်ပါတ်ပိတ်ရက်ကို အိမ်ပြန်မလာဘူးလား..."

စနေ၊တနင်္ဂနွေတိုင်း အိမ်ပြန်လာလေ့ရှိသည့် ထယ်ယောင်းက ဒီရက်တွေမှာတော့မတွေ့။
ထိုရက်တွေမှာ ရုံးပိတ်သော ဂျီဟွမ့်အတွက် ထယ်ယောင်းနဲ့ဆုံဖို့က ဒီနှစ်ရက်လေးပဲရှိတာကို ဘာလို့များပြန်မလာပါလိမ့်။
ဒါကြောင့် မနက်စာပြင်ပေးနေသော ဒေါ်လေးအား မေးကြည့်လိုက်စဉ် မထင်မှတ်ထားသောအဖြေကို ရခဲ့သည်။

"မဟုတ်ဘူးသားရေ အိမ်ပြန်လာသေးတယ်....ညနေဘက် စက်ဘီးသွားစီးလိုက်ဦးမယ်ဆိုပြီး မင်းညီကထွက်သွားတာ....ပြီးတော့ကျ သူ့သူငယ်ချင်းနဲ့ခရီးထွက်ဖို့လိုက်သွားတယ်တဲ့တော်....ဘာမပြောညာမပြောနဲ့ စိတ်ပူနေတုန်း အဲ့ဒီကလေး ဖုန်းဆက်လာမှသိရတယ်..."

"ခရီးထွက်တယ် ဘယ်သူနဲ့လဲ ဒေါ်လေး..."

"ဟို တော်ဝင်စံအိမ်က ကောင်လေးနဲ့လေ....အဲ့ဒီကလေးက ထယ်ယောင်းကို အတော်ခင်သား စိတ်မပူဖို့ကို ထပ်ခါတလဲလဲပြောရှာတာ...မင်းညီကတော့ ဆူခံရမှာကြောက်လို့ထင်ပါ့....ဖုန်းကိုတိုက်ရိုက်မပြောဘူး..."

ကော်ဖီခွက်ကို ကိုင်ထားသည့် ဂျီဟွမ့်လက်တွေ တင်းခနဲဖြစ်သွားရ၏။
ကင်မ်ထယ်ယောင်းက ကိုယ့်အန္တရာယ်ကို မသိတာလား။Alpha တစ်ယောက်နဲ့ရင်းရင်းနှီးနှီးပေါင်းသင်းရုံမျှ အားမရ၍ အခုတော့ ခရီးပါအတူတူထွက်လိုက်သေးတယ်။
ပြီးတော့ တူတူပါသွားတဲ့ကောင်ကလည်း တော်ဝင်စံအိမ်ကမင်းသားတဲ့လား။ကိုယ့်အပေါ်မှာတော့ ပြုံးပြဖို့တောင်နှမြောတဲ့သူက ထိုတစ်ယောက်ကိုတော့ သိပ်ပြီး တွယ်တာနေတာပဲ။

"ကျွန်တော် ထယ်ယောင်းကို ဆက်သွယ်ပြီး အမြန်ဆုံးပြန်လာဖို့ပြောလိုက်မယ်....ဒါမှမဟုတ်လည်း ကျွန်တော်သွားခေါ်လိုက်မယ်....သူတို့ဘယ်သွားတာတဲ့လဲ ဒေါ်လေး..."

"အဲ့ဒါတော့ အတိကျမသိဘူး....ဟိုကောင်လေးရဲ့သက်တော်စောင့်ကတောင် သူတို့ ကျောင်းကနေအဆောင်ကို တန်းပြန်ကြမယ်ပြောလို့ အဝတ်အစားတွေပါ ထည့်ပေးလိုက်သေးတယ်....ကျောင်းလည်းတစ်ရက်ဖွင့်ပြီဆိုတော့ အခုလောက်ဆို ရောက်လောက်ပါပြီ..."

The Alpha Zone (Completed)Where stories live. Discover now