{ 55 }

5.2K 742 93
                                    

"အင်း ချန်း....ငါ သူ့အိမ်မှာရှိ‌နေတာ...‌..မင်းကို မပြောလိုက်ရဘူး....‌ ဆောရီး....မလာနဲ့တော့....ငါ အခုပဲပြန်လာတော့မှာ...အင်း ဟုတ်ပြီ.."

ချန်းဟိုနဲ့ဖုန်းပြောနေသည့် ထယ်ယောင်းကို ဂျောင်ဂု မှာ လက်ပိုက်၍ နံရံကိုမှီလျက် ရပ်ကြည့်နေမိသည်။
ကြည့်ရတာ ချန်းဟိုက ထယ်ယောင်းကို ဆေးရုံမှာသွားကြည့်တာဖြစ်မယ်။
ဖုန်းပြောလို့ပြီးသွားတဲ့ ထယ်ယောင်းက ဂျောင်ဂုဘက်ကို လှည့်ကြည့်လာပြီး ..

"ငါ ပြန်တော့မယ်..."

"လိုက်ပို့ပေးမယ်..."

"ရပါတယ်...ငါ Taxi စီးပြီး ပြန်လိုက်မယ်.."

"မရဘူး....ငါက လိုက်ပို့မယ်...မငြင်းနဲ့...ပြီးတော့ ဒီကို ခနလောက်လာဦး..."

ထယ်ယောင်းရဲ့လက်ကိုဆွဲကာ သူ့ရှေ့၌ ရပ်စေပြီးနောက် ဘယ်ချိန်တည်းက ယူထားမှန်မသိတဲ့ သိုးမွှေးမာဖလာတစ်ထည်ကို ပတ်ပေးလို့နေပြန်သည်။

"အပြင်မှာ ညနေစောင်းနေပြီမို့ လေတိုက်နေတာ....မင်း ခန္ဓာကိုယ်က အဖျားဝင်တာလွယ်တယ်...နောက်ဆို နေမကောင်းမဖြစ်နဲ့...ငါ မကြိုက်ဘူး..."

တစ်ယောက်တည်း ရေရွတ်ရင်း မာဖလာကိုပတ်ပေးနေသူ၏ မျက်နှာကို ထယ်ယောင်းအသာငေးနေမိသည်။အခုပုံစံက ဟိုးအရင်သူတို့အတူတူနေကြတုန်းကလိုမျိုး ကြည်နူးစရာကောင်းနေတော့တာ။
ထယ်ယောင်းနေမကောင်းဖြစ်တိုင်း သူက ထိုသို့အမြဲပြောတက်သည်။

"ပြီးပြီ...မင်းနဲ့အရမ်း ကြည့်ကောင်းတယ်......"

သူစိတ်တိုင်းကျပတ်ပေးတဲ့အပြင် ထယ်ယောင်းကိုအုံ့မိုးကာ စိုက်ကြည့်နေပြန်သည်။
အရမ်းနီးကပ်လွန်းပြီး စူးရှတဲ့ Alpha တစ်ယောက်ရဲ့ အကြည့်တွေကို ထယ်ယောင်းမခံနိုင်ပါ။
သူရဲ့ထိုအကြည့်တွေနဲ့ကြည့်ခံရတိုင်း နှလုံးသားကအားနည်းကာ အလိုလိုအရှုံးပေးချင်စိတ်ဝင်မိသည်။
မြင့်မြတ်လှတဲ့ တော်ဝင်မင်းသားငယ်ကို ဒူးထောက်ကာ ခစားချင်တဲ့ အစေပါးတစ်ယောက်လို စိတ်မျိုး။
နောက်ပြီး ဖြေးဖြေးချင်း ငုံ့ချလာတဲ့သူ့ခေါင်း‌ ကြောင့်  ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မလိုပင်။‌ရှောင်ရမယ်ဆိုတာကို မေ့လျော့နေခဲ့ပြီး ထိုအနမ်းတွေကို တောင့်တနေမိသည်။
ဖိအားမပါတဲ့ စန္ဒကူးအနံ့တွေကြား စိတ်ဟာယိုင်လုလု။
ဒါပေမယ့်လည်း နှုတ်ခမ်းတွေ ထိလုထိခင်လေးမှာပဲ ထယ်ယောင်း ခေါင်းကို ‌စောင်းကာ ရှောင်ထွက်လိုက်သည်။

The Alpha Zone (Completed)Where stories live. Discover now