{26}

7.4K 1K 143
                                    

"ဂူချန်းဟို ကျောင်းပိတ်ရက်အိမ်မကပ်ပဲ ဘယ်ကို အလေလိုက်နေတာလဲ..?ဒါကရော အချိန်မတော် ဘယ်ကနေပြန်လာတာလဲ..?"

အိမ်ထဲလှမ်းဝင်ရုံရှိသေး အဖေ့ထံမှ အော်ငေါက်သံစကားက လျှံထွက်လို့လာသည်။

"ငါမေးနေတာ မကြားဘူးလား...!"

"သူငယ်ချင်းတွေနဲ့လျှောက်လည်ပြီး ပြန်လာတာပါ..."

"အေး....တစ်နေ့တစ်နေ့ အဲ့ဒီသောက်လုပ်ပဲလုပ်နေ....အပြင်ထွက်လည်ပြီး အချိန်မတော်မှ ပြန်လာချင်ပြန်လာ‌တာ ဘာအချိုးလဲ...မင်းကိုငါ ကျောင်းထားပေးပြီး ဘော့ကြော့ထားတာက အဲ့လိုအလေလိုက်နေဖို့မဟုတ်ဘူးနော် ချန်းဟို.."

အဖေ့စကားတွေကို ချန်းဟိုမနာကျင်တော့ပါ။
သိတက်စအရွယ်တည်းက ကြားရပါများတော့ထုံနေခဲ့ပြီ။

"အဖေ့ရဲ့ သဘောထားကြီးမြတ်မှုအတွက် ကျေးဇူးတင်ပါတယ်..."

"ငါ့ကို မရွဲ့နဲ့.....အပျော်ပါးမက်နေရင် မင်းအမေလိုမျိုး လမ်းဘေးရောက်ပြီး အဆုံးသတ်လိမ့်မယ်ဆိုတာ မှတ်ထား.."

ချန်းဟို ကျန်တာသည်းခံနိုင်ပါတယ်။မရှိတော့တဲ့အမေ့ကို ဆွဲထည့်တာမျိုးတော့ လက်မခံနိုင်။

"ကျွန်တော့်အမေကို ထည့်မပြောပါနဲ့.....အမေအဲ့ဒီလို အဆုံးသတ်သွားရတာ ဘယ်သူ့ကြောင့်မို့လို့လဲ...အိမ်ကြီးအိမ်ကောင်းမှာထားပေးထားတယ်ဆိုပြီး အဖေ့ဘက်က အမြဲဟစ်ကြွေးနေပေမယ့် အမေ့ရင်ထဲက ခံစားချက်တွေကို ဘယ်တုန်းက နားလည်ပေးခဲ့ဖူးလို့လဲ....အဖေက အမြဲ အမေ့ကို အငယ်နှောင်းတစ်ယောက်ထက်ပိုပြီး မတွေးပဲ နှိမ့်ချဆက်ဆံခဲ့တာပဲ မဟုတ်ဘူးလား.."

ချန်းဟိုစကားအဆုံး ခွပ်ခနဲမြည်သံနဲ့အတူ နာကျင်သွားရတဲ့ မျက်နှာ။
အဖေက ထိုးလိုက်တာ။ဟုတ်တယ် သူစိတ်တိုတဲ့အခါတိုင်း ဒီလိုပဲအမြဲ ကိုယ်ထိလက်ရောက်ရိုက်နှက်နေကြ။

"အငယ်အနှောင်းမို့ အငယ်နှောင်းလို့ဆက်ဆံတာ ဘာဖြစ်လို့လဲ...?သူ့မှာ ကောင်းကွက်ဆိုလို့ မင်းကိုမွေးပေးခဲ့တာ တစ်ခုပဲရှိတယ်....မင်းကိုမွေးပေးထားလို့ သူ့ကို လူတစ်ယောက်လို ဆက်ဆံပေးခဲ့ပြီးပြီလေ....ငါကဘာတွေများထပ်ပြီး နားလည်ပေးရဦးမှာလဲ...မြဲမြဲမှတ်ထား မင်းလည်း ငါ့ကိုအာခံရင် မင်းအမေလို ဘဝနဲ့နေရမယ်ဆိုတာ..!"

The Alpha Zone (Completed)Where stories live. Discover now