{13}

7.3K 1K 131
                                    

"ဟေ့ကောင် တစ်ယောက်တည်း ဘာတွေကြိတ်ပြုံးနေတာလဲ .."

အအေးသွားဝယ်တဲ့ သူငယ်ချင်းနှစ်‌ ယောက် ပြန်ဝင်လာတဲ့အထိ အာရုံမရှိနေသည့် ဂျောင်ဂု။ဟန်ဘင်းရဲ့ အသံကြားမှ သတိပြန်ဝင်မိကာ ဖြေမိသည်က...

"ဘာမှမဟုတ်ပါဘူး.."

"မင်း တစ်ခုခုတော့ရှိပါတယ်...ငါတို့ ပြန်လာတာတောင်မသိပဲ ကြိတ်ပြုံးနေတာ...ဘာစိတ်ကျေနပ်စရာများရှိနေလဲ..?"

တကယ်တော့ သူ့ကို ဒီလိုပြုံးစေရတဲ့အကြောင်းရင်းက အထွေအထူးမဟုတ်။ဒီအတိုင်း စာတစ်ကြောင်းသာဖြစ်တယ်ဆိုရင် ဒီကောင်တွေက ကျွန်တော့်ကို ရူးနေပြီဟုပြောကြလိမ့်မည်။

"တကယ်မရှိပါဘူးဆို..."

"ဒါဆိုလည်း အရူးလို ခနခနပြုံးမနေနဲ့....."

ဟန်ဘင်းရဲ့စကားကြောင့် ဂျောင်ဂု ခပ်တည်တည်နဲ့မျက်နှာပိုးသတ်ကာ ပြန်ငြိမ်နေလိုက်ရ၏။

"ငါတို့ အဖွဲ့ဝင်သစ်လေးက အိပ်ပျော်သွားပြီပဲ...နှိုးလိုက်ရမလား.."

ခုံမှာဝင်ထိုင်ရင်း ပြောလိုက်သည့် ဂျီအွန်းရဲ့ စကားကြောင့် ကင်မ်ထယ်ယောင်းကိုကြည့်မိတော့ စောနကအတိုင်း အိပ်ပျော်သွားဟန်တူသည်။မြင်နေရတဲ့လခေါင်းလုံးလုံးက အနည်းငယ်တောင်မလှုပ်။

"မနှိုးပါနဲ့....ကြည့်ရတာ နည်းနည်းပင်ပန်းသွားတာနေမယ်..."

ဟန်ဘင်းက ဝင်ပြောရင်း ထယ်ယောင်း ပုခုံးထက်သို့ ဂျာကင်ကိုချွတ်ကာ ခြုံပေးလိုက်တာ မြင်လိုက်ရသည်မို့ ဂျောင်ဂု မျက်ခုံးတန်းတွေ အလိုလိုကျုံ့မိသွားသည်။ထိုမြင်ကွင်းကြောင့် ဂျောင်ဂုစိတ်တို့အနည်းငယ်လည်း ရှုပ်ထွေးမိသွား၏။
ဟန်ဘင်းက သူငယ်ချင်းတွေအပေါ်၌ အသေးစိတ်ဂရုစိုက်တက်တဲ့သူဖြစ်ပေမယ့် ကင်မ်ထယ်ယောင်းပေါ် ဒီလိုပြုမူတာကိုတော့ ဂျောင်ဂုစိတ်ထဲမကြိုက်ချင်ပါ။‌မနေ့တစ်နေ့ကမှ သိကြတဲ့သူတွေဆိုပေမယ့် ဒီလောက်ထိကျ အကဲပိုလွန်းနေတယ်ဟု ဂျောင်ဂု ထင်နေမိ၏။

သူက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းမို့ ဒီလိုခံစားရတာလည်း ဖြစ်နိုင်ပါသည်။

The Alpha Zone (Completed)Where stories live. Discover now