{ 63 }

5K 761 129
                                    

"ဖေဖေ..."

"အော ဗြောလေး.....ဘာလိုချင်လို့လဲ ပြောလေ..."

ဂျောင်ဂုက နေ့လည်ခင်း တစ်ရေးအိပ်ပျော်နေသည်မို့ ထယ်ယောင်းနဲ့သားက ဆေးရုံနားက စတိုးဆိုင်မှာ သရေစာမုန့်သွားဝယ်ဖြစ်ကြသည်။
လတ်တလော အိမ်လည်းမပြန်ဖြစ်တော့  ဂျောင်ဂုအတွက် အသီးတစ်ချို့နဲ့ သားအတွက်မုန့်အနည်းငယ်လောက် ဝယ်ပြီး အခု အခန်းဆီသို့ ပြန်နေကြတာဖြစ်၏။
ဓါတ်လှေကားထဲရောက်တော့ သားက ခေါ်တာနဲ့ ထယ်ယောင်း စကားထောက်ပေးလိုက်တော့....

"သား မေးစရာရှိလို့ပါ..."

"ပြောပါဦး....ဖေဖေ့သားလေးက ဘာတွေမေးချင်.."

"မကောင်းတာလုပ်ထားတဲ့သူတွေကို ရဲဖမ်းမှာလားဟင်..."

"ဒါပေါ့ ဗြောရဲ့.....မကောင်းတာလုပ်တဲ့သူတွေကို လူဆိုးလို့ခေါ်တယ်....အဲ့လို လူဆိုးတွေကို ဖမ်းရတာလည်း ရဲအလုပ်ပဲလေ....သားက  ဘာလို့မေးတာလဲ"

ထယ်ယောင်းရဲ့ အဖြေကို ဗြောက တစ်ချက်တွေဝေသွားပြီးမှ...

"ဒါဆို ပါးပါးကို ရဲဖမ်းမှာပေါ့နော်.."

"ဘယ်လို ဗြောလေး....ဘာလို့ အဲ့လိုပြောရတာလဲ"

"သား မြင်လိုက်တယ်....ဒယ်ဒီကို တိုက်မိတဲ့ ကားကို မောင်းလာတဲ့သူကို....အဲ့ဒါက ပါးပါးပဲ..."

ထယ်ယောင်း စိတ်ထဲကနေ ဘုရားရေ လို့ အသံတိတ်ရေရွတ်လိုက်မိတယ်။တရားခံကို စုံစမ်းနေတုန်းပဲဆိုပေမယ့် အဲ့ဒီလူဟာ ချန်းဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့တာ အမှန်ပဲ။

"သား မေးတာ ဖြေဦးလေ ဖေဖေ....ပါးပါးက အဖမ်းခံရမှာလားဟင်...ပြီးတော့ ပါးပါးက သားကိုဘာလို့ ကားနဲ့တိုက်ရတာလဲဟင်..."

သားက မြင်လိုက်တာဆိုတော့ သူ့စိတ်ထဲမှာ ချန်းကို ဘယ်လိုထင်သွားပြီလဲမသိ။

"မဟုတ်ပါဘူး ဗြောရဲ့....သား အမြင်မှားတာပဲ နေမှာပါ.....သားကို ပါးပါးကသိပ်ချစ်တာကို ဘာလို့ အဲ့ဒီလိုလုပ်ရမှာလဲ...အဲ့ဒါကြောင့် မသေချာပဲ ဒီကိစ္စကို အခြားသူကို လျှောက်မပြောရဘူးနော်.....ဖေဖေ့ကို ကတိပေး..."

ဗြောက ခေါင်းငြိမ့်ပြလာတာမို့ ထယ်ယောင်း သက်ပြင်းချလိုက်မိသည်။
သူတို့ လူကြီးတွေကြား ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သားကိုတော့ အမုန်းနဲ့မထိတွေ့စေချင်တာမို့ ထယ်ယောင်း စကားကို လှည့်ပြောထားရ၏။

The Alpha Zone (Completed)Where stories live. Discover now