{28}

6.9K 973 205
                                    

"ဒါဆို အရင်တစ်ခါတုန်းကလို မင်းတို့နှစ်ယောက်တည်း ခရီးထွက်ကြတာမဟုတ်ဘူးပေါ့..."

ဒီနေ့တော့ ထယ်ယောင်းနဲ့ဂျောင်ဂု ကျောင်းတက်ဖြစ်သည်။
စာသင်ခန်းထဲထိုင်ရုံရှိသေး ဟန်ဘင်းက ဂျောင်ဂုနဲ့ထယ်ယောင်းကို မယုံသင်္ကာအကြည့်တို့ဖြင့် ကြည့်ကာ မေးနေသည်မှာ မနက်ကျောင်းရောက်တည်းက။ဒီကောင်က အလိုလိုမှ ငရစ်။အခုလည်း ဂျောင်ဂု ဘယ်လိုပြောပြော မယုံသေး။

"ဟုတ်ပါတယ်ဆို ဘယ်နှစ်ခါပြောရမှာလဲ ဟန်ဘင်းရယ်..."

ဂျောင်ဂုက စိတ်ညစ်သလိုမျိုး ငြူဆူကာပြောတော့ ဟန်ဘင်းက မျက်နှာကိုတစ်ချက်မဲ့ရင်း..

"ပြောမရဘူးလေ...တစ်ခါလိမ်ထားဖူးတဲ့သူက ထပ်လိမ်ဖို့လည်း ဝန်လေးနေမှာမှမဟုတ်တာ....ဒါဆို မင်းတို့တွေ သုံးရက်လုံးလုံး ဘာလို့ကျောင်းမလာတာလဲ..?"

"နေမကောင်းလို့..."

"ထယ်ယောင်းကရော.."

"ငါလည်း နေမကောင်းလို့..."

"ဟမ်....နေမကောင်းတာကလည်း နှစ်ယောက်လုံး ပြိုင်တူကြီးလား..."

အရစ်ရှည်နေသည့် ကင်မ်ဟန်ဘင်းကို ဂျောင်ဂုမှာ စိတ်ထဲကနေကျိန်ဆဲပြီးနေပြီ။ကျောင်းရောက်လာတည်းက တရစပ်မေးနေသည်မှာ သူမို့လို့ မမောနိုင်မပန်းနိုင်။

"ကဲ ဒါတွေ အသာထားစမ်းပါဦး....ဂျောင်ဂု မင်း သတင်းတွေကို တွေ့လိုက်တယ်မလား....အဲ့ဒါ အတည်လား...မင်း ချီထားတဲ့သူကရော ဘယ်သူလဲ....ဘယ်တုန်းကဖြစ်ခဲ့တာလဲ.."

ဂျီအွန်းက သူတို့ကြားထဲ ဝင်မေးလိုက်တဲ့ မေးခွန်းကြောင့် ဂျောင်ဂုမှာ ခေါင်းနပန်းကြီးသွားရ၏။
ထယ်ယောင်းက ဒီသတင်းတွေကိုမသိထားဘူးလေ။

"အာ....အဲ့ဒါက ဘာမှမဟုတ်ပါဘူးကွာ....ဒီအတိုင်း အတင်းဖျင်းလျှောက်ပြောနေတာပါ...."

"သေချာလို့လား...အဲ့ဒီကိစ္စက ကျောင်းထဲမှာလည်း တောက်လျှောက်ပျံ့နေတာနော်..."

ဒါကြောင့် မနက်က လူတစ်ချို့ရဲ့ အကြည့်တွေက ထူးဆန်းနေတာကိုး။

"ငါ ဂရုမစိုက်ပါဘူး....ကောလဟာလဆိုတာ ကောက်ရိုးမီးလိုပဲ....တစ်ခနတော့ လောင်ကျွမ်းခွင့်ရလိုက်ပေမယ့်လည်း နောက်ဆုံးကျ ပြာအဖြစ်ပြောင်းသွားရတာပဲလေ...ဒါကြောင့် သူတို့အတင်းဖျင်းပြောနိုင်လည်း အလွန်ဆုံး တစ်ပါတ်ပေါ့ မောလာရင် ပိတ်သွားကြလိမ့်မယ်..."

The Alpha Zone (Completed)Where stories live. Discover now