{ 74 }

4.2K 586 135
                                    

"ဖေဖေ သိပ်မကြာခင် သားရဲ့ ခြောက်နှစ်ပြည့် မွေးနေ့ရောက်တော့မှာ မဟုတ်လားဟင်..."

အပြင်သွားဖို့အတွက် အင်္ကျီလဲပေးနေရင်း သားက ကောက်ခါငင်ခါ ထမေးလေသည်မို့ ထယ်ယောင်း ပြုံးပြလိုက်ရင်း...

"အဲ့ဒါကို သားက ဘယ်လိုလုပ်သိတာလဲ?"

"ဟိုးက ချိတ်ထားတဲ့ ပြက္ခဒိန် မှာကြည့်ခဲ့တာ ဖေဖေ....Dec 1 ရက်နေ့က သားရဲ့ မွေးနေ့မဟုတ်လား...ဒါကြောင့် ဖေဖေက ဟန်ဗြောလို့ နာမည်ပေးခဲ့တာလို့ ပြောပြဖူးတယ်လေ"

ဉာဏ်ကောင်းတဲ့သားက ထယ်ယောင်းတစ်ခါပြောပြဖူးတာနဲ့ မှတ်မိနေတက်သည်။
ဟုတ်တယ်။သားရဲ့ နာမည်ကို ထယ်ယောင်းကိုယ်တိုင် ရွေးပေးထားခဲ့တာ။တိုက်တိုက်ဆိုင်ဆိုင် Dec 1 ရက်‌နေ့မှာ မွေးတဲ့ပထမဆုံး သားဦးလေးမို့  တစ်လောကလုံးမှာ အတောက်ပဆုံးနဲ့အကြီးမားဆုံး ကြယ်လေး အဖြစ်ရှင်သန်သွားလို့ရအောင် ဟန်ဗြောလို့ ပေးခဲ့တာ။ပြီးတော့ သားကို မွေးတဲ့နေ့တုန်းက ညဘက်ရောက်တော့ ကောင်းကင်မှာ ကြယ်တွေစုံနေခဲ့တာမို့ အဲ့ဒီနာမည်လေးက ပိုပြီး အဓိပ္ပါယ်ရှိခဲ့သည်။

အဲ့ဒီအချိန် သားကို ထွေးပိုက်ထားရင်း နည်းနည်းတော့  အထီးကျန်ဝမ်းနည်းရတဲ့ ခံစားချက်မျိုးရှိခဲ့ပေမယ့် အခုချိန်မှာတော့ ဒါတွေအားလုံးကို ကျော်လွှားနိုင်ခဲ့ပါပြီ။အခု‌တော့ ချစ်ရတဲ့ ဂျောင်ဂုရယ်၊သားရယ် ကျွန်တော့်အနားမှာ ရှိတာနဲ့တင် ဘဝရဲ့သက်တမ်းတစ်ဝက်လောက်က ပြည့်စုံလို့နေပြီ‌။

"အားလုံး အဆင်သင့်ဖြစ်ပြီလား ထယ်ယောင်း..."

"အော...ပြီးပြီ...အခု သွားကြတော့မလား..?"

"ကောင်းပြီလေ...လာ ဗြောလေး ဒယ်ဒီတို့ သွားရအောင်..."

သားနဲ့အတူ ဂျောင်ဂုက အရှေ့ကနေထွက်သွားပေမယ့် ထယ်ယောင်းမှာတော့ လေးလံနေတဲ့ ခြေလှမ်းတွေဖြင့် ပါသွားရသည်။

"ဒယ်ဒီ သားတို့ ဘယ်သွားကြမှာလဲဟင်..."

ကားထဲမှာ နေရာအသီးသီး ယူပြီးချိန် နောက်ခန်းမှ သားက ဂျောင်ဂုအား လှမ်းမေးလေ၏။

"ဒယ်ဒီ တို့ သားရဲ့ ဖိုးဖိုးနဲ့ဖွားဖွားကို သွားတွေ့ကြမှာ..."

The Alpha Zone (Completed)Where stories live. Discover now